နံနက်ခင်း နေရောင်ခြည်နွေးနွေးလေးဟာ လိုက်ကာ ကြားမှတစ်ဆင့်
နေစစ်ရှိန်၏ မျက်နှာပြင်ထက်သို့ ဖြာကျလို့နေ၏။ နေစစ်ရှိန်လဲ မျက်နှာ
တည့်တည့် နေထိုးနေသည့်အတွက် ဆက်အိပ်၍မရတော့တာကြောင့် အိပ်နေရာမှ နိုးလာခဲ့သည်။သူနိုးလာတော့ သူ၏ဘယ်ဘက်လက်မောင်းပေါ်၌ ခေါင်းအုံးကာ ပါးစပ်လေးဟပြီး အိပ်ပျော်နေသော ချစ်စဖွယ် လူသားလေးအားတွေ့လိုက်ရသည်။ သူ၏ လက်မောင်းပေါ်တွင်လဲ သွားရည်လေးများက အရွှဲသား ။ ထို့နောက်သူလဲ ထိုလူသားလေး၏ ပါးပြင်လေးအား အနမ်းပေးလိုက်သည်။
အရိပ်လေးလဲ ပါးပြင်မှ ဒဏ်ရာဆီက နာကျင်လာ၍ အိပ်နေရာမှ နိုးလာခဲ့သည်။
" အ့ ဦးနေ နာတယ်လို့... "
အရိပ်လေးလဲ နှုတ်ခမ်းလေး ဆူကာ ပြောလိုက်သည်။ နေစစ်ရှိန်လဲ နှုတ်ခမ်းလုံးလုံးလေးအား ဆူထော်ပြီး ရန်တွေ့နေသည့် ငယ်လေး၏ နှုတ်ခမ်းလေးအား အနမ်းပေးလိုက်ပြီး...
" ကိုယ် တောင်းပန်ပါတယ်ကွာ... ကိုယ်မေ့ သွားလို့ပါ... "
" အင်း... ဘာလို့ အစောကြီး နိုးနေတာလဲ.. ဒီနေ့ လယ်ထဲ ဆင်းရမှာမလို့လား... "
" ဟင့်အင်း ဒီနေ့ လယ်ထဲ မဆင်းရဘူး... ရွာဦးကျောင်းမှာ သန့်ရှင်းရေးအတွက် လုပ်အားပေးဖို့ တာဝန်က ကိုယ်တို့အလှည့်လေ ... "
" သန့်ရှင်းရေး လုပ်အားပေးက ဒီနေ့လား ဦးနေ... "
" အင်း ဟုတ်တယ်... "
" အာ ဒါဆို... ငယ်လေး မျက်နှာသွားသစ်တော့မယ် ဦးနေ... ဦးနေ အိပ်ယာသိမ်းလိုက်တော့နော်... "
ပြောပြီးတာနှင့် အရိပ်လေးလဲ အိပ်ယာမှ ထကာ ခုတင်ပေါ်မှဆင်းရန်ပြင်လိုက်သည်။ နေစစ်ရှိန်လဲ လှဲနေရာမှ အမြန်ထပြီး ခုတင်ပေါ်မှ ဆင်းရန်ပြင်နေသည့်
ငယ်လေးအား အနောက်မှ သိုင်းဖက်ကာ ရင်ခွင်ထဲထည့်လိုက်သည်။ထို့နောက် ငယ်လေး၏ ပုခုံးပေါ်သို့မေးလေးတင်ကာ လည်ပင်းသားလေးအား အနမ်းပေးလိုက်သည်။
" ဟာ ဦးနေ ဘာလုပ်တာလဲ... ငယ်လေး မျက်နှာသွားသစ်မလို့ လွှတ်ပေး... "