part (1)

7.3K 361 1
                                    

"အန်တီလေးတော့ အိမ်မှာ စောင့်နေလောက်ပြီ...မြန်မြန်ပြန်ရမယ်
သူဘာမှစားရသေးမှာ မဟုတ်ဘူးထင်တယ်"

ဝုန်း   ဒုန်း....

"ဟင်...ဘာသံတွေလဲ...ဒီလမ်းက ငါပြန်နေကျလမ်းပါ
နည်းနည်းမှောင်ပြီး ချောင်ကျတာကလွဲလို့ သရဲခြောက်သံတွေ ဘာတွေမကြားမိပါဘူး...အခုက ဘယ်လိုဖြစ်တာ
အင်း...မှောင်တယ်ဆိုပေမယ့်လည်း ကိုယ့်အရိပ်ကိုယ်မြင်ရပါသေးတယ်လေ
ဆင်းရဲသားရပ်ကွက်ဆိုတော့ ဒီလောက်တော့ရှိမှာပေါ့"

"ရှင်းလိုက်တော့...ငါစိတ်မရှည်ဘူး"

*စကားသံတွေပြီးတော့ စီးကရက်အနံ့တွေ...မဟုတ်မှလွဲရော လူတွေရှိနေတာလား...အသံနားထောင်ကြည့်ရတာ ငါတို့ရပ်ကွက်က လူတွေအမှိုက်လွှင့်ပစ်နေကျ အမှိုက်ပုံနားကဘဲ
ငါသွားလို့ သင့်တော်ပါ့မလား...ငါ့ကို အမှုပတ်ရင်
ဘယ်လိုလုပ်မလဲ...*

သူစဉ်းစားနေတုန်း

"တောင်းပန်ပါတယ်...အကြွေးတွေအကုန် မနက်ဖြန်ပြန်ဆပ်ပါ့မယ်...အသက်တော့ ချမ်းသာပေးပါ"

"အကြွေးတွေအကုန် မနက်ဖြန်ပြန်ဆပ်မယ်
ပြောရအောင် ခင်ဗျားက ဒီညဘယ်နေရာမှာ
xင်သွားခံမှာလဲ
ခံမယ်ဆိုရင်တောင် အဲ့ပိုက်ဆံပမာဏ လောက်ရမှာတဲ့လား
အဟက်....ငါစကား၂ခါမပြောဘူးနော်...ဟေ့ကောင်တွေ"

အဲ့အသံတွေကြားတော့ ကောင်လေးရဲ့ စူးစမ်းချင်စိတ်တွေ ပြင်းထန်လာသည်
သူအမှိုက်ပုံနားက တိုက်အကွယ်လေးကနေ ချောင်းကြည့်နေလိုက်သည်
လမ်းဘေးမီးရောင် မှိန်ပြပြလေးရနေသည်မို့ အမှိုက်ပုံနားက လူတစုဘာဖြစ်နေလဲဆိုတာ နည်းနည်းမြင်နိုင်သေးသည်

အနက်​ရောင်ဝတ်စုံ ဝတ်ထားပြီး ကတုံးဆံပင်ကေတွေနဲ့ လူ(၃)ယောက်က လူတယောက်ကိုချုပ်ပြီး နှိပ်စက်ထားသည့်ပုံ
အချုပ်ခံထားရတဲ့လူရဲ့ မျက်နှာတဝိုက်မှာက သွေးတွေနှင့်

သူတို့ရှေ့မှာ မတ်တပ်ရပ်နေတဲ့ လူတယောက်က
တကိုယ်လုံးအနက်ရောင်ဝတ်ထားပြီး လက်ထဲမှာစီးကရက်တလိပ်ကိုဖွာနေသည်
မျက်နှာခပ်တည်တည် အရပ်အရှည်ကြီးနှင့် တကယ်ကိုစမတ်ကျသည့်သူဟု ပြောလျှင် မမှားပေ

𝐁𝐀𝐃 𝐆𝐔𝐘Where stories live. Discover now