"ဒါလင်ဒါလင်….ငါ့ကိုဘယ်ခေါ်သွားမလို့လဲ"
"ဟိုရောက်ရင်အသက်လေးသိရမှာပေါ့"
"ကြိုပြောပြလို့မရဘူးလား"
"မရဘူး"
"အနွေးထည်တွေကရောဘာလို့ဝတ်ပေးတာလဲ"
"ဒီနေ့အပြင်မှာနည်းနည်းအေးတယ်ထင်လို့"
"ဒါလင်ငါဗိုက်ဆာတယ်....အိပ်ရာနိုးတာနဲ့ငါ့ကိုအိပ်ရာပေါ်ကဆွဲချပြီးကားပေါ်တင်လာတာလေဘာမှမစားရသေးဘူး"
"ကားနောက်ခန်းကိုကြည့်လိုက်အသက်လေး"
ရှောင်းကျန့်ပြောသလိုကားနောက်ခန်းကိုကြည့်လိုက်တော့
"စားစရာတွေအများကြီးဘဲ....မုန့်တွေရော
ဒါဘယ်တုန်းကထလုပ်ထားတဲ့ဟာတွေလဲ""ကိုယ်သူတို့ကိုစောစောထပြီးချက်ပြုတ်ခိုင်းထားတာ
ကိုယ့်အသက်လေးကိုမခိုင်းရက်ပါဘူး""ငါကတရားမမျှတသလိုဘဲ....ဒါလင်နဲ့ရည်းစားဖြစ်တယ်ဆိုတော့ဘာအလုပ်မှမလုပ်ရတော့ဘူး
လုပ်လည်းမလုပ်တော့ဘူး ငါအရမ်းတွေလူပါးဝပြီးအထက်စီးဆန်နေပြီလား""မဟုတ်ရပါဘူးကွာ....ကိုယ်ကဘာမှမလုပ်ခိုင်းတာလေ
အသက်လေးမလုပ်တာမှမဟုတ်တာ
အသက်လေးကိုလူပါးဝတယ်လို့ကိုယ်တောင်မမြင်တာဘယ်သူကအဲ့လိုမြင်ရဲလဲ
စကားမများနဲ့အများကြီးလျှောက်တွေးမနေနဲ့
စားစရာရှိတာအရင်စားလိုက်ပါဦး""အွန်း"
မုန့်တွေကိုပေါင်ပေါ်တင်ကာအားရပါးရစားနေလိုက်သည်
ကားမောင်းတဲ့အချိန်တစ်လျှောက်လုံးရိပေါ်သရေစာတွေကိုတစ်မျိုးပြီးတစ်မျိုးအဆက်မပြတ်စားနေတယ်"အိုး.....ဒီဘက်တစ်ဝိုက်ကလှလိုက်တာ"
"ဟုတ်တယ်....စိတ်အပန်းဖြေစရာအကောင်းဆုံးနေရာလေ
ကိုယ်ဆိုအရမ်းသဘောကျတာ""ပန်းတွေကအရောင်စုံဘဲ....နေရောင်ကလည်းနုနုလေးနဲ့ဆိုတော့တကယ်ကိုလှတယ်
မြင်ဖူးသမျှမြင်ကွင်းတွေထဲမှာအလှဆုံးဘဲ
ကြိုက်တယ် ကြိုက်တယ်"လက်တစ်ဖက်ကကြက်ပေါင်တစ်ချောင်းကိုကိုင်ထားကာ
ပလုတ်ပလောင်းသံနဲ့အားရပါးရပြောနေသောကလေးငယ်
တရစပ်စားသောက်နေသည်မို့ပါးစပ်မှာလည်းပေကျံလျက်
YOU ARE READING
𝐁𝐀𝐃 𝐆𝐔𝐘
Fanfictionပေပေတေတေဆိုးသွမ်းတဲ့လူဆိုးကြီးနဲ့အရမ်းရိုးသားပြီးချစ်စရာကောင်းတဲ့ကောင်လေးတို့၂ယောက်ချစ်ခဲ့မိသောအခါ