part(27)

2.5K 170 6
                                    

"အသက်လေး....ဆေးသောက်မယ်ပါးစပ်လေးဟပေးပါဦး"

ရိပေါ်တုပ်တုပ်မျှမလှုပ်ပြတင်းပေါက်ရှိရာဘက်ကိုစိုက်ကြည့်နေဆဲ

"အသက်လေး....ကိုယ်ပြောတာကြားရင်လည်းကိုယ့်ကိုတုံ့ပြန်မှုတစ်ခုခုလောက်လုပ်ပြပါဦး"

ရှောင်းကျန့်အတော်ကြာစောင့်ကြည့်ပြီးသော်လည်းရိပေါ်ဘာမှမပြောင်းလဲ

"အသက်လေးကကိုယ့်ကိုစိတ်ဆိုးနေတုန်းပေါ့
ရပါတယ်ကိုယ်ကအသက်လေးစိတ်ဆိုးမှုတွေကိုခံယူပါ့မယ်ကွာ....ဒါမဲ့အသက်လေးရဲ့ ချစ်စရာကလေးပေါက်စအသံလေးနဲ့ဒါလင်လို့ခေါ်တာလေးတော့ကိုယ်ကြားချင်သေးတယ်
အဲ့ခေါ်သံလေးတွေကိုယ်မကြားရတော့ရင်ထဲမှာဟာတာတာကြီး"

ပါးစပ်ကိုဖျဲကာ ဆေးကိုအတင်းထိုးထည့်ပြီး ရေတွေပါတိုက်ကာ အတင်းသောက်ခိုင်းတော့ ဆေးတော့မျိုချသေးတာမို့ ရှောင်းကျန့်တစ်ဖန်စိတ်ချရပါတယ်

"အသက်လေး....ပါးစပ်ထဲကိုထည့်သမျှ မျိုမချရဘူး
ကိုယ်က စားလို့ပြောမှ မျိုချရမယ်
တစ်ချို့အစားအစာတွေကျ ဝါးစားပြီးမှ မျိုချရမှာနော်
ဒီတိုင်းမျိုချရင် အစာပြွန်မှာတစ်ခုခုပိတ်ဆို့သလိုဖြစ်ပြီး ထပ်ဒုက္ခရောက်နေမှာ ကိုယ်စိုးရိမ်တယ်"

ရိပေါ်ကတုံ့ပြန်မှုမရှိပေမဲ့ ရှောင်းကျန့်ကတော့ ဘေးနားကနေစကားတွေ တရစပ်ပြောပေးနေဆဲ

"ဆန်ပြုတ်ထပ်သောက်ဦးမလား...နွေးနွေးလေးဖြစ်အောင် ကိုယ်လုပ်ပေးမယ်လေ"

အကြောသေနေတဲ့ လူတစ်ယောက်ကို စကားပြောရတာ
ကလေးကစားတဲ့ အရုပ်တစ်ရုပ်ကို ထမင်းကျွေးရေတိုက်နေရသလိုပါဘဲ
တုံ့ပြန်မှုနတ္ထိ

"အသက်လေးဘာမှမပြောပေမဲ့ ကိုယ်သိတယ်
အသက်လေး ထပ်သောက်ဦးမှာမလား...မသောက်ချင်လည်းနည်းနည်းတော့ သောက်လိုက်ပါအားရှိအောင်လို့"

ပါးစပ်ထဲကိုထည့်ပေးတော့ ရှောင်းကျန့်ခွံ့ကျွေးသမျှစားနေသည်....တက်တက်ကြွကြွစားနေခြင်းမျိုးတော့မဟုတ်

ဆန်ပြုတ်သောက်ပြီးတော့ ပြတင်းပေါက်ဘက်ကိုငေးနေဆဲ
ကုတင်ကိုမတ်ပေးလိုက်ကာ ကျောနောက်မှာခေါင်းအုံးလေးခုထားပေးလိုက်သည်
ကုတင်ဘေးက လူနာစောင့်ထိုင်ခုံပေါ်မှာ ထိုင်ကာ​ရှောင်းကျန့်ကသူ့ရဲ့မြတ်နိုးဖွယ်ရာလေးကို မျက်တောင်မခတ်တမ်းကြည့်နေတုန်း

𝐁𝐀𝐃 𝐆𝐔𝐘Where stories live. Discover now