"ခင်ဗျား....ဗိုက်ဆာရင်ပြော...တစ်ခုခုလိုရင်လည်းပြော...ကျွန်တော်အကုန်လုပ်ပေးမယ်"
"မင်းဘယ်အချိန်တည်းက ငါ့အခန်းထဲရောက်နေတာလဲ"
"ရောက်လာတာကြာပြီ ခင်ဗျားက ငိုင်ပြီးတစ်ခုခုကိုတွေးသလို ဖြစ်နေတာကြောင့် အသံပေးတဲ့ အနေနဲ့မေးလိုက်တာ"
ရှောင်းကျန့် ဘာမှဆက်မပြောတော့ပေ
နေ့တိုင်းအဝတ်အစားလဲ အစားအစာကျွေးရသည်များကို ရိပေါ်ကဘဲ လုပ်ပေးနေရတာမို့
၂ယောက်ကအမြဲတစေ အနေနီးသည်...နေသားကျနေသလို
ရက်တော်တော်ကြာ ဂရုတစိုက်ပြုစုပေးမှုကြောင့်
ဒဏ်ရာက တော်တော်သက်သာနေပြီ"ငါဒီနေ့အပြင်သွားစရာရှိတယ် မင်းပါလိုက်ခဲ့ရမယ်"
"ဟမ်"
"ဘာတွေဟမ်တာလဲ...နားမလည်ဘူးလား ငါပြောနေတာတွေ"
"မဟုတ်ပါဘူး နားလည်ပါတယ်...ခင်ဗျားက တစ်ခါမှအပြင်ကို ခေါ်မသွားဖူးတော့ အံ့ဩလို့ပါ"
"ငါဝယ်ပေးတဲ့ အထဲက အဝတ်အစားကောင်းကောင်းတစ်ထည် ဝတ်ခဲ့"
"အွန်း"
လှုပ်စိလှုပ်စိလေးနဲ့ သူ့အခန်းထဲဝင်ကာ အဝတ်အစားလဲဖို့ပြင်တယ်
ပြင်ဆင်ပြီးတော့ ရှောင်းကျန့်ရှိရာ အောက်ထပ်သို့ ပြန်ဆင်းလာလိုက်သည်"ဟက်...."
အပေါ်ထပ်လှေကားထစ်က ဆင်းလာတဲ့ရိပေါ်ကို ကြည့်ကာ ရှောင်းကျန့် ရယ်လိုက်မိသည်
"ခင်ဗျားက ဘာရယ်တာလဲ ဒီမှာ အင်္ကျီအပွကြီးဖြစ်ပြီး ကျွန်တော်က ကားယားကြီး ဖြစ်နေသလိုဘဲ"
"မင်းက ငါဝယ်ပေးတဲ့ အဝတ်အစားတွေအပေါ် အပြစ်မြင်တာလား...ဒါမှမဟုတ် ငါ့ကိုအပြစ်မြင်တာလား
ဟမ်""အဲ့လိုမဟုတ်ပါဘူး"
ခေါင်းလေးငုံ့ပြီး စကားပြောတဲ့လေသံလေးပါ တိုးသွားတာကြောင့် ရှောင်းကျန့် ဘာမှဆက်မပြောတော့ပေ
"ထားလိုက်တော့....သွားမယ်...လာ
ရိပေါ်နဲ့ရှောင်းကျန့် ကားပေါ်တက်ကာ တစ်နေရာကိုဦးတည်ပြီး မောင်းနှင်လိုက်သည်
တော်တော်ကြာ မောင်းပြီး ကားလေးစက်ရှိန်သတ်လိုက်တဲ့နေရာက ကြီးမားတဲ့ကုန်တိုက်အကြီးကြီးရှေ့
YOU ARE READING
𝐁𝐀𝐃 𝐆𝐔𝐘
Fanfictionပေပေတေတေဆိုးသွမ်းတဲ့လူဆိုးကြီးနဲ့အရမ်းရိုးသားပြီးချစ်စရာကောင်းတဲ့ကောင်လေးတို့၂ယောက်ချစ်ခဲ့မိသောအခါ