ဆေးရုံဆင်းတဲ့နေ့ရောက်တော့
"ငါ့အိမ်မှာနေဖို့ မင်းအဝတ်တွေပြန်မယူဘူးလား"
"မရှိတော့ဘူးလေ....အဝတ်ကအစတည်းက များများစားစားမရှိဘူး...အခုမီးလောင်တဲ့အထဲပါသွားပြီ"
ရှောင်းကျန့် ဘာမှဆက်မပြောတော့ပေ
"ဒီတစ်နေ့တော့ ဘာမှမလုပ်နဲ့....နောက်နေ့ကစပြီး
မင်းအလုပ်လုပ်လို့ရပြီ""ဟုတ်ကဲ့"
လမ်းတစ်လျှောက် ကားလေးပေါ်မှာလည်း ရှောင်းကျန့်ပြောသမျှစကားတိုင်းကို "ဟုတ်ကဲ့" ဆိုပြီးပြန်ဖြေခဲ့သော ရိပေါ်
ဆေးရုံနဲ့ တော်တော်ဝေးဝေးကို မောင်းလာခဲ့ပြီး
ခြံတံခါးတစ်ခုရှေ့ရောက်တော့ ကားလေးကရပ်သွားခဲ့သည်"ဆင်းတော့....ဒါငါ့အိမ်"
ကားပေါ်ကဆင်းပြီး ခြံတံခါးဖွင့်မဝင်ခင် မော့ကြည့်မိတော့
တော်တော်ကြီးတဲ့ တိုက်ကြီးတစ်ခုပင်
(၃)ထပ်လောက်ရှိသည်
ခြံထဲမှာရေကူးကန်ကြီးနဲ့ အလှပန်းပင်လေးတွေလည်းစိုက်ထားသည်
လူ(၂)လောက်စီးလို့ရတဲ့ ဒန်းလေးလည်းရှိသည်"ဝင်လေ....မင်းခြံထဲရောက်တော့မှ ငါနောက်ကကားမောင်းပြီးခြံထဲဝင်မယ်"
"အာ....ဟုတ်ကဲ့"
ရိပေါ်လည်းသူ့မျက်စိရှေ့မှာ မြင်နေတဲ့ကြီးကျယ်ခမ်းနားတဲ့အဆောက်အဦးကို ငေးမောကြည့်နေတုန်းနောက်ကအသံကြားလာတာမို့ ရှောင်းကျန့်ပြောတဲ့အတိုင်း အဆောက်အဦးထဲ ဝင်သွားလေသည်
အဆောင်အဦးရဲ့ အပေါက်ဝမှာ ဟိုကြည့်ဒီကြည့်လိုက်ကြည့်နေတုန်း အိမ်ထဲကအစေခံ(၃,၄)ယောက်လောက်ပြေးထွက်လာပြီး ရှောင်းကျန့်ကို လာကြိုကြတယ်
"သခင်ကြီးကြိုဆိုပါတယ်....ဒီအိမ်ကို အလည်လာတာလား"
"ငါ့အိမ်ကိုငါကြိုက်တဲ့အချိန်လာတာ...."
"ဟုတ်ကဲ့ပါ"
"သူနေရမဲ့အခန်း လိုက်ပြလိုက်....ခဏနေငါပြန်လာခဲ့မယ်"
"ခင်ဗျားက ဘယ်သွားမလို့လဲ....ကျွန်တော်ဒီကို ခုမှရောက်တာလေ"
YOU ARE READING
𝐁𝐀𝐃 𝐆𝐔𝐘
Fanfictionပေပေတေတေဆိုးသွမ်းတဲ့လူဆိုးကြီးနဲ့အရမ်းရိုးသားပြီးချစ်စရာကောင်းတဲ့ကောင်လေးတို့၂ယောက်ချစ်ခဲ့မိသောအခါ