"ဒါ....ဘယ်လိုဖြစ်လာတာလဲ"
"ထွက်သွား....မင်းနဲ့မဆိုင်ဘူး"
လူကဒဏ်ရာရနေပေမဲ့ လေသံကတော့ မာနေတုန်းပင်
ရှောင်းကျန့်ပြောနေတဲ့ကြားမှ အတင်းဇွတ်တိုးဝင်လာကာ ရှောင်းကျန့်ရှိရာကုတင်ပေါ်သို့ သွားမယ်ကြံလိုက်တော့
"အာ့....ဖန်ကွဲစတွေ"
သူ့ခြေထောက်ကိုလည်း ကုတင်ဘေးမှာပြန့်ကျဲနေတဲ့
ဖန်ကွဲစတွေရှသွားပြီ
ရှောင်းကျန့်ကို သေချာကြည့်မိတော့လည်း နဖူးမှာ
ချွေးသီးချွေးပေါက်တွေနဲ့ နာကျင်မှုကို ကျိတ်ခံထားပုံရတယ်"ကျွန်တော့်ကို ခင်ဗျားဒဏ်ရာပြပါ...ဘာဖြစ်တာလဲဆိုတာ ကြည့်ပေးပြီး ဆေးထည့်ရမယ်လေ"
"ငါမင်းကို ပြောနေတယ်....ထွက်သွားလို့"
"ဒီမှာ ဖန်ကွဲစတွေတွေ့တယ်....ရေသောက်မလို့လား...ကျွန်တော်ရေခပ်ပေးမယ်"
ရိပေါ် အခန်းထဲက အမြန်ထွက်ကာ အောက်ထပ်ဆင်းပြီး ရေတစ်ခွက်အပြင် ဆေးသေတ္တာကိုပါ ယူလာခဲ့လေသည်
"ရော့....ခင်ဗျားရေသောက်လိုက်"
ခွမ်း....
ရေခပ်လာသော ဖန်ခွက်ကိုယူကာ ကိုင်ပေါက်လိုက်လေသည်
"မင်းကိုငါပြောနေတာ....လူလိုနားမလည်ဘူးလား...ထွက်သွား"
"မသွားဘူး....ခင်ဗျားက အခု ကိုယ့်ကိုကိုယ်လည်းကြည့်ဦး...
လူတစ်ကိုယ်လုံးဘယ်နေရာမှ လှုပ်ရှားဖို့အားမရှိဘူး....ပါးစပ်တစ်ပေါက်လှုပ်ဖို့တောင် အနိုင်နိုင်လေ.....ဒါနဲ့များ ကျွန်တော့်ကို ပြန်အော်နေသေးတယ်....လောလောဆယ်ခင်ဗျားအမိန့်ကို မနာခံနိုင်ဘူး....ကျွန်တော့်ကိုသတ်ချင်ရင် နေပြန်ကောင်းမှသတ်"
ခေါင်းမာလွန်းသူကြောင့် ရှောင်းကျန့် ဘာမှမပြောဘဲလွှတ်ထားလိုက်သည်
ခဏကြာတော့ သူပါပင်ပန်းလွန်းတာကြောင့်နဲ့ သွေးထွက်လွန်တာကြောင့် ပေါင်းပြီး သတိလစ်သွားလေသည်"ဒါကဘယ်နေရာလဲ...မင်္ဂလာဆောင်....ဘယ်သူ့မင်္ဂလာဆောင်လဲ"
"Daddyလာလေ....အခမ်းအနားစတင်တော့မယ်"
YOU ARE READING
𝐁𝐀𝐃 𝐆𝐔𝐘
Fanfictionပေပေတေတေဆိုးသွမ်းတဲ့လူဆိုးကြီးနဲ့အရမ်းရိုးသားပြီးချစ်စရာကောင်းတဲ့ကောင်လေးတို့၂ယောက်ချစ်ခဲ့မိသောအခါ