"ဘာလို့ငါ့ကိုပန်းအိုးနဲ့ပစ်ပေါက်ရတာလဲ
ငါကမင်းကိုအရမ်းကပ်လွန်းပြီးသဝန်တိုတာကိုမကြိုက်ဘူးလား
ငါ့ရဲ့သဝန်တိုမှုတွေကမင်းကိုပင်ပန်းစေမိပြီလား""မဟုတ်ရပါဘူး...မဟုတ်ဘူး
အဲ့လိုမဟုတ်ရပါဘူး...ကိုယ်အသက်လေးကိုပစ်ပေါက်တာမဟုတ်ဘူး...အသက်လေးကိုပစ်ပေါက်ဖို့ရည်ရွယ်ခဲ့တာလည်းမဟုတ်ဘူး
ကိုယ်နံရံကိုဘဲပစ်ပေါက်ခဲ့တာပါအသက်လေးကိုယ့်နောက်ရောက်နေမှန်းကိုယ်မသိခဲ့ဘူး
ကိုယ်ညာမပြောဘူး""မလိုဘူး....ငါ့မှာလက်ပါတယ်"
အထီးကျန်စွာကျဆင်းနေတဲ့မျက်ရည်တွေကိုသုတ်ပေးရန်
ပါးပေါ်ကိုငြင်သာစွာလက်လှမ်းလိုက်တော့
လှမ်းလာတဲ့ရှောင်းကျန့်ရဲ့လက်ကိုရိပေါ်ကရိုက်ချလိုက်တယ်
ကုတင်အောက်မှာဒူးထောက်ထိုင်ကာငိုနေရုံမှတစ်ပါးသူမတတ်နိုင်ခဲ့
ကုတင်အောက်မှာဒူးထောက်ကာယူကျုံးမရငိုနေသောလူနဲ့
ကုတင်ပေါ်မှာကျိတ်ပြီးငိုကျွေးနေသောကောင်လေး
နှစ်ယောက်လုံးကယူကျုံးမရငိုနေကြတာပါဘဲ
အရမ်းချစ်ခဲ့ကြပေမဲ့ဘာမဟုတ်တဲ့သဘောထားကွဲလွဲမှုကြောင့်သူတို့ဆက်ဆံရေးပျက်ဆီးတော့မှာလား"ခင်ဗျားကြီးကငါ့အပေါ်ဘယ်လိုဆိုးဆိုးဘယ်လိုဘဲနှိမ်နှိမ်ငါအကုန်သည်းခံပေးခဲ့တာ
လူတွေငါ့ကိုဘယ်လောက်ဘဲနှိမ်နှိမ်ဘယ်လောက်ဘဲပြောပြော
ငါမသိချင်ယောင်ဆောင်ပြီးဘာမှမဖြစ်သလိုနေနိုင်တယ်
ခင်ဗျားကြီးကတကယ်ကြီးငါ့ကိုနှိမ်ပြီးအပြစ်တင်စကားတွေပြောရင်တော့ငါရင်နာတယ်
ငါအသက်ရှူမဝတော့ဘူးငါ့ရင်ထဲမွန်းကျပ်ရတယ်""တောင်းပန်ပါတယ်...ကိုယ်ဘာတွေဘဲလုပ်ခဲ့ပါစေကိုယ်မင်းကိုလက်လွှတ်မပေးနိုင်ဘူး
ကိုယ်မှားပါတယ်အားလုံးကိုမင်းကြိုက်သလိုစွပ်စွဲလိုက်
မင်းရင်ထဲမှာရှိတဲ့အပြစ်တွေကိုယ့်အပေါ်ပုံချလို့ရတယ်
ကိုယ့်ကိုထားမသွားပါနဲ့
ကိုယ်မင်းကိုချစ်တယ်မင်းမရှိဘဲတစ်စက္ကန့်ဆိုတဲ့အချိန်ခဏလေးအတွင်းတောင်မနေနိုင်ဘူး""ရှန်ရှင်းပြန်လာပြီမလားသူနဲ့အတူတူနေလိုက်
မင်းရဲ့ငယ်ချစ်ဟောင်းလေ"
YOU ARE READING
𝐁𝐀𝐃 𝐆𝐔𝐘
Fanfictionပေပေတေတေဆိုးသွမ်းတဲ့လူဆိုးကြီးနဲ့အရမ်းရိုးသားပြီးချစ်စရာကောင်းတဲ့ကောင်လေးတို့၂ယောက်ချစ်ခဲ့မိသောအခါ