*အလုပ်သမားသာပြောတာ....ငါလည်းဘာမှမလုပ်ရဘူး...အိမ်မှာချက်ပြုတ်စားရသလိုဘဲ....ပြီးတော့အဝတ်တွေဘာတွေလည်း မလျှော်ရဘူး....
မသိရင် ဒီအိမ်ကြီးရဲ့ ပိုင်ရှင်ကြီးကျနေတာဘဲ....အကြွေးတွေ ဘယ်တော့မှအကုန်ဆပ်ပြီးမှာလဲ
ငါတစ်ယောက်တည်း နေချင်လိုက်တာ*တွေးရင်းတွေးရင်းနဲ့ အချိန်တစ်ခုရောက်တော့ သူအိပ်ပျော်သွားသည်
မနက်ဘက်သူနိုးတာ ပုံမှန်အချိန်ပါဘဲ
ဒါမဲ့ရှောင်းကျန့်က မရှိတော့ဘူး"ဟို.....သူဘယ်ရောက်သွားတာလဲ"
လှေကားအတက်အဆင်းမှာ သန့်ရှင်းရေးလုပ်နေတဲ့
ကောင်မလေးကိုမေးလိုက်သည်"သခင်ကြီးလား"
"အွန်း"
"သခင်ကြီးက အစောကြီး ထွက်သွားတယ်......ကြည့်ရတာ တော်တော်အရေးကြီးတဲ့ ကိစ္စရှိပုံရတယ်"
"ဟုတ်ကဲ့"
ရိပေါ် မနက်စာကို သူ့ဘာသူချက်စားရန် ကြံလိုက်တယ်
*ငါဗိုက်ဆာလို့ ချက်စားတာဘဲ ဒီလူကြီးအဲ့လောက်တော့ ကပ်စေးမနှဲလောက်ပါဘူး*
"ဟိုတာလေ...မေးစရာလေး နည်းနည်းရှိလို့ပါ"
"မေးလေ...သိရင်ပြောပြမှာပါ"
"သူက ဘာအလုပ်လုပ်တာလဲ....ဒီအိမ်မှာ အမြဲမနေဘူးလား"
"သူကဘာအလုပ်လုပ်တာလဲ ဆိုတာတော့မသိဘူး...ဒါမဲ့ သူကလူကောင်းတစ်ယောက်....
အမှန်တော့ဒီအိမ်ကို ရောက်လာခဲ့တဲ့လူတိုင်းက သူတို့ကိုယ်တိုင်မယူခဲ့တဲ့ အကြွေးတွေအတွက် ပေးဆပ်နေရတာ....
မမရဲ့အဒေါ်က သခင်ကြီးဆီက ပိုက်ဆံတွေချေးတယ်....နောက်ယောက်ျားကိုပေးဖို့ နောက်ပိုင်းမဆပ်နိုင်တဲ့ပမာဏအထိရောက်တော့ နိုင်ငံခြားထွက်ပြေးတယ်....မမကတစ်ယောက်တည်းကျန်ခဲ့တယ်...အဲ့တုန်းက အရမ်းငယ်သေးတယ်....တစ်ယောက်ထဲ
ဘာလုပ်လို့ဘာကိုင်ရမှန်း မသိဘူး....စားဖို့သောက်ဖို့တောင် အနိုင်နိုင်ဖြစ်နေတဲ့အချိန်မှာသခင်ကြီးက မမကိုလိုက်ရှာခဲ့ပုံရတယ်
ပိုက်ဆံတွေပြန်တောင်းဖို့...
YOU ARE READING
𝐁𝐀𝐃 𝐆𝐔𝐘
Fanfictionပေပေတေတေဆိုးသွမ်းတဲ့လူဆိုးကြီးနဲ့အရမ်းရိုးသားပြီးချစ်စရာကောင်းတဲ့ကောင်လေးတို့၂ယောက်ချစ်ခဲ့မိသောအခါ