"အသက်လေး....ကိုယ်ချီလိုက်လို့နိုးသွားပြီလား"
"ဟင့်အင်း....ပြန်အိပ်ဦးမှာ"
"ဟုတ်ပြီ....ဒါလင်အနားမှာစောင့်နေမယ်"
အိပ်ရာထဲကိုပို့ရန်ပွေ့ချီလိုက်တော့ ရိပေါ်မျက်လုံးများပွင့်လာတာကြောင့် ရှောင်းကျန့်ပြန်ပြီးချော့သိပ်နေသည်
အပေါ်ထပ်ကအခန်းထဲရောက်တော့ အိပ်ရာပေါ်ကိုအသာအယာချကာ airconညှိပြီး စောင်လေးသေချာခြုံပေးထားလိုက်တယ်ရိပေါ်အပေါ်ပိုင်းကတော့ ဗလာဖြစ်နေတုန်း
ပြီးတော့မှ ရှောင်းကျန့်ပါ ရိပေါ်ဘေးဝင်လှဲကာအဝတ်ဗလာဖြစ်နေတဲ့ ကိုယ်လုံးလေးကို ရင်ခွင်ထဲမြုပ်နေအောင် ဆွဲဖက်ထားလိုက်သည်
အဝတ်ဝတ်ပေးရင် အိပ်နေတာအနှောင့်အယှက်ဖြစ်ကာ နိုးသွားမှာစိုးသောကြောင့်သာရှောင်းကျန့်နှာခေါင်းထဲတော့ နို့စတော်ဘယ်ရီလိုအနံ့အေးအေးမွှေးမွှေးလေးကရနေသည်
သူတို့နှစ်ယောက်ပြန်လာတဲ့ပုံစံကို အိမ်ကအလုပ်သမားတွေမြင်သွားခဲ့ပေမဲ့ ကြောင်တောင်တောင်ကြည့်နေနိုင်ရုံကလွဲပြီး မစပ်စုရဲပေ
------------------------နေ့လယ်ပိုင်းလောက်ရောက်လို့ ရိပေါ်နိုးလာတော့ရှောင်းကျန့်က အနားမှာမရှိတော့
ရိပေါ်အခန်းပတ်ပတ်လည်ကိုကြည့်တော့လည်း ရှောင်းကျန့်ရှိမနေ
ကြောက်လန့်တကြားနဲ့ အခန်းထဲကပြေးထွက်ကာလိုက်ရှာကြည့်မိတော့ အောက်ထပ်မှာသန့်ရှင်းရေးလုပ်တဲ့ကောင်မလေးတွေကလွဲပြီး ဘယ်သူမှရှိမနေ
သန့်ရှင်းရေးလုပ်တဲ့ကောင်မလေးတွေက ရိပေါ်ကိုမြင်တော့မျက်နှာတွေရဲခနဲ"ဒါလင်ဘယ်မှာလဲ"
"ဘယ်သူ့ကိုမေးတာလဲသခင်လေး"
"ဒီအိမ်ကခင်ဗျားကြီး"
"သခင်ကြီးက ဝိုင်တွေသိုလှောင်တဲ့အခန်းထဲကို သွားပါတယ်"
ရိပေါ်ဝိုင်သိုလှောင်တဲ့အခန်းဘက်ကို သွားမယ်လုပ်တော့
ကောင်မလေးတွေကဝိုင်းတားသည်"သခင်ကြီးက ဝိုင်သိုလှောင်တဲ့အခန်းဘက် ဘယ်သူ့မှလာတာမကြိုက်ဘူး"
သူဘာမှပြောမနေတော့ဘဲ ကောင်မလေးတွေပြောတဲ့စကားကို လစ်လျူရှုကာ ဝိုင်သိုလှောင်ခန်းဘက်ကိုထွက်သွားလိုက်တယ်
YOU ARE READING
𝐁𝐀𝐃 𝐆𝐔𝐘
Fanfictionပေပေတေတေဆိုးသွမ်းတဲ့လူဆိုးကြီးနဲ့အရမ်းရိုးသားပြီးချစ်စရာကောင်းတဲ့ကောင်လေးတို့၂ယောက်ချစ်ခဲ့မိသောအခါ