မျက်လုံးဖွင့်ဖွင့်ချင်း ရိပေါ် ပထမဆုံးမြင်လိုက်ရသည်က သူ့အခန်းအပြင်အဆင်
*ငါကငါ့အခန်းထဲ ရောက်နေတာလား...ညကဆိုဖာပေါ်မှာ အိပ်ပျော်သွားတာလေ...
ငါ့ပါးကြီးလည်း နာနေတယ်...နှုတ်သီးနဲ့အထိုးခံရသလိုတစ်စူးစူးနဲ့စီးကရက်နံ့တွေလည်းရတယ်...ဘာဖြစ်သွားတာလဲ...
ဘယ်နှနာရီ..ဘယ်နှာနာရီရှိပြီလဲ နောက်ကျနေပြီ*
အခန်းထဲက.....ကပျာကယာထွက်ကာ အောက်ထပ်ဆင်းကြည့်မိတော့ ရှောင်းကျန့်က စားသောက်နေပြီ
"တောင်းပန်ပါတယ်...အိပ်ရာထနောက်ကျသွားတာ"
"စားစရာရှိတာလာစား"
"ဟူး....ညကချက်ပြီး သိမ်းထားတာလေးတွေရှိလို့တော်သေးတယ်"
ရိပေါ် တိုးတိုးလေးပြောနေမိသည်
"ကျေးဇူးတင်ပါတယ်"
ရှောင်းကျန့်တစ်ယောက် ညတုန်းက ချက်ထားတဲ့ ဟင်းတွေကို ပြန်နွှေးထားပုံရတယ်
"ဒီညပွဲတက်စရာရှိတယ်...ငါ့ရဲ့ပါတနာအဖြစ် မင်းကိုခေါ်သွားရလိမ့်မယ်....အဆင်သင့်ပြင်ထား"
"ဟုတ်ကဲ့"
"ငါပြန်လာရင် ဆိုင်တစ်ဆိုင်ကို ခေါ်သွားပေးမယ်...မင်းအတွက်"
"အွန်း"
"ငါသွားတော့မယ်...ဒီဟင်းတွေ ကျန်တာမင်းအကုန်စားပစ်မဟုတ်ရင် မင်းခန္ဓာကိုယ်က ပိန်လှီပြီး ငါ့အကြွေးတွေ မကျေခင်သေသွားရင် ငါဆုံးရှုံးနစ်နာရတယ်"
ပြောစရာရှိတာကိုပြောပြီးတော့ ထွက်သွားလေသည်
ကျန်ခဲ့တဲ့တစ်ယောက်မှာတော့ ကြောင်တောင်တောင်လေး
"ပိန်လို့ ခန္ဓာကိုယ်ဝဝလေးဖြစ်အောင် များများစားလို့ရိုးရိုးတန်းတန်း ပြောလည်းရတာကို ငါ့အပေါ်ကျ
ညင်သာနူးညံ့မှုမရှိဘူး....ဘာဘဲဖြစ်ဖြစ် ငါအကုန်စားပစ်တော့ ငါဗိုက်ပြည့်တယ်ရှိသမျှဟင်းတွေကို ကုန်နိုင်သလောက် သိမ်းကျုံးစားပစ်လိုက်သည်
ပြီးတော့မှ ခြံထဲဆင်းကာ ဟိုလျှောက်သွားဒီလျောက်သွားလုပ်လိုက် TVကြည့်လိုက်...
YOU ARE READING
𝐁𝐀𝐃 𝐆𝐔𝐘
Fanfictionပေပေတေတေဆိုးသွမ်းတဲ့လူဆိုးကြီးနဲ့အရမ်းရိုးသားပြီးချစ်စရာကောင်းတဲ့ကောင်လေးတို့၂ယောက်ချစ်ခဲ့မိသောအခါ