"ခင်ဗျားဘယ်သူလဲ"
ရိပေါ်ကိုဖမ်းလာတဲ့သူကမေးလိုက်သည်
"ငါဘယ်သူလဲ...မင်းသိစရာမလိုဘူး....မင်းရှေ့ကကောင်လေးကိုထားပြီး ငါ့မျက်စိရှေ့ကထွက်သွားမလား...မဟုတ်ရင် မင်းခန္ဓာကိုယ်ကိုထားခဲ့ပြီး မင်းရဲ့ဝိညာဉ်ကငရဲကိုသွားမလား"
"ခင်ဗျားကဘယ်သူမို့ ကျုပ်ကိုခြိမ်းခြောက်တာလဲ"
"စကားကိုနှစ်ခါထပ်မပြောဘူး"
ဒိုင်း.......
ကျန်တဲ့သူနှစ်ယောက်ပါ ထွက်ပြေးမယ်ကြံတော့
ရှောင်းကျန့်နောက်က လူတစ်ယောက်က သေနတ်နဲ့တစ်ခါတည်းနှစ်ချက်ဆင့် လှမ်းပစ်လိုက်လေသည်လူ(၃)ယောက်လုံး မြေပြင်ပေါ်အတုံးအရုံးလဲကုန်တော့မှ ရိပေါ်ကိုကောက်ပွေ့ကာ သူ့နောက်မှာပါလာသော လူတစ်ယောက်အား
"ဒါတွေအကုန်ရှင်းလိုက်"
"ဟုတ်ကဲ့boss"
မှာစရာရှိတာများကိုမှာပြီး ရိပေါ်ကိုကားပေါ်တင်ကာသူကိုယ်တိုင် ကားမောင်းလိုက်သည်
ကားပေါ်ကလူကတော့ မလှုပ်နိုင်တာကြောင့်ငြိမ်ငြိမ်လေး နေလိုက်တယ်အိမ်ရောက်တော့ ရိပေါ်ကိုဧည့်ခန်းကဆုိဖာပေါ်အမှီပြုပြီးထိုင်ခိုင်းလိုက်တယ်
"မင်းဘာဖြစ်သွားသေးလဲ"
ရိပေါ်ဘာမှပြန်မပြောပေမဲ့ မျက်နှာတော့မကောင်း
ဘာမှပြန်မပြောချင်တာထ က်မပြောနိုင်သောကြောင့်သာတစ်ခွန်းမှပြန်မဖြေသောရိပေါ်ကြောင့် ရှောင်းကျန့်တစ်ယောက် ရိပေါ်ကိုပွေ့ချီကာ ဆေးရုံခေါ်သွားလေသည်
ဒါနဲ့ဆို ရိပေါ်ဆေးရုံရောက်တာ(၂)ကြိမ်မြောက်ဖြစ်တာကြောင့် ဆရာဝန်တွေကမှတ်မိနေသလို
ရှောင်းကျန့်ကိုယ်တိုင်လိုက်ပို့တဲ့လူနာဖြစ်တာကြောင့်ဆရာဝန်တွေမှာပြာပြာသလဲရှောင်းကျန့်ကိုမြင်တာနဲ့
"ဘာဖြစ်လာတာလဲ"
"ဘာဖြစ်တာလဲမသိလို့ ကျုပ်သူ့ကိုဆေးရုံခေါ်လာတာကို ခင်ဗျားတို့က ဘာဖြစ်တာလဲဆိုပြီး ကျုပ်ကိုကြိုမေးတော့
ကျုပ်ကဆရာဝန်လား ခင်ဗျားတို့ကဆရာဝန်လား"
YOU ARE READING
𝐁𝐀𝐃 𝐆𝐔𝐘
Fanfictionပေပေတေတေဆိုးသွမ်းတဲ့လူဆိုးကြီးနဲ့အရမ်းရိုးသားပြီးချစ်စရာကောင်းတဲ့ကောင်လေးတို့၂ယောက်ချစ်ခဲ့မိသောအခါ