"ငါဆေးရုံကဆင်းချင်ပြီ ငါမနေချင်တော့ဘူး"
"မရသေးဘူးလေ အသက်လေးခြေထောက်တွေကလမ်းလျှောက်နိုင်သေးလို့လား"
"အဲ့တာကအိမ်မှာတဖြေးဖြေးနဲ့လမ်းလျှောက်လေ့ကျင့်မယ်လေအခုကတော့ဆေးရုံကဆင်းချင်တယ် ဒီမှာနေရတာလုံခြုံမှုမရှိသလိုခံစားရတယ်"
"ကိုယ်ရှိနေတာလေဘာများမလုံခြုံစရာရှိလို့လဲ"
"ဒါမဲ့ငါမကြိုက်ဘူးဆိုမကြိုက်ဘူးပေါ့ ငါဒီမှာမနေချင်ဘူး"
ရှောင်းကျန့်ဘာမှမပြော
ခြေထောက်ပြန်ကောင်းသည်အထိဆေးရုံမှာဆေးကုသမှုခံယူစေချင်တာသူ့ရည်ရွယ်ချက်ပင်"ဒါလင်!!!!"
"ဟုတ်ပြီဟုတ်ပြီ....အသက်လေးသဘောကိုယ်ဆေးရုံအုပ်နဲ့တိုင်ပင်ကြည့်ဦးမယ်"
"ငါဆေးရုံပေါ်ရောက်တည်းကဒီအခန်းထဲမှာဘဲနေရတာကြာတော့ပျင်းလာတယ် ငါ့တစ်ကိုယ်လုံးခြောက်သွေ့နေသလိုခံစားရတယ်"
"ဒီဆေးရုံမှာပန်းခြံသေးသေးလေးရှိတယ်
လူနာတွေစိတ်အေးလက်အေးအပန်းဖြေဖို့တဲ့ အသက်လေးသွားမလား ဒါလင်လိုက်ပို့မယ်""အခန်းထဲနေရတာထက်စာရင်တော့ကောင်းတာပေါ့
လိုက်မယ်""ဆေးသောက်ပြီးမှကိုယ်လိုက်ပို့မယ် wheelchairကိုလည်းကိုယ်ထိန်းကိုင်ပေးမယ်"
"Wheelchairကြီးနဲ့မသွားချင်ဘူး"
ခေါင်းလေးငုံ့ကာအသံတိုးတိုးလေးနဲ့ပြောနေပုံက လမ်းမလျှောက်နိုင်တာကြောင့်သူအားငယ်နေမှန်းသိသာပါတယ်
"Wheelchairကြီးနဲ့မသွားချင်လည်းရပါတယ်
ကိုယ်ချီသွားမှာပေါ့""အွန်း"
"အခုကိုယ့်ပေါင်ပေါ်မှာအသက်လေးကထိုင်နေတာလေ
ကိုယ်လက်တင်ထားတော့အသက်လေးရဲ့ခြေထောက်တွေကဘယ်လိုမှမခံစားရဘူးလား
ကိုယ်ကလျှောက်ပြီးဖျစ်ညှစ်နေရင်ရော""ဘယ်လိုမှကိုမနေတာ"
"တဖြည်းဖြည်းနဲ့ပြန်ကောင်းသွားမှာပါ"
"အွန်း"
"ကျေးဇူးတင်ပါတယ်...ကိုယ့်ကိုခွင့်လွတ်ပေးလို့
ကိုယ့်ကိုမုန်းမသွားလို့...ကိုယ့်ရဲ့အဝေးကိုအသက်လေးထွက်မသွားလို့"
YOU ARE READING
𝐁𝐀𝐃 𝐆𝐔𝐘
Fanfictionပေပေတေတေဆိုးသွမ်းတဲ့လူဆိုးကြီးနဲ့အရမ်းရိုးသားပြီးချစ်စရာကောင်းတဲ့ကောင်လေးတို့၂ယောက်ချစ်ခဲ့မိသောအခါ