"အသက်လေး....ဒီနေ့ဒါလေးဝတ်
လွတ်လွတ်လပ်လပ်ပေါ့ပေါ့ပါးပါး...ကိုယ်ကိုယ်တိုင်ရွေးလာတာ
ဒီနေ့ဂေဟာကိုသွားလှူမှာလေ""ဟင်....မနေ့ကမှလှူဖို့ပြောတာလေ....ဒီနေ့ချက်ချင်းကြီးသွားမလို့လား
အလှုပစ္စည်းတွေနဲ့လှူရမဲ့ပိုက်ဆံတွေ
ကလေးလေးတွေကိုအလှူပစ္စည်းကူဝေပေးမယ့်သူတွေလည်းမတွေ့ဘူး....အလှူပစ္စည်းတွေလည်းမတွေ့ဘူး""မလိုဘူး....မနေ့ကညနေပိုင်းကိုယ်အပြင်ထွက်ပြီးအကုန်စီစဉ်ပြီးပြီ
အဲ့တာကြောင့်အသက်လေးအတွက်ပါဒီဝတ်စုံလေးဝယ်လာပေးနိုင်တာ""ဘယ်ဂေဟာကိုလှူမှာလဲမသိရသေးဘူး"
"ဟိုရောက်ရင်သိပါလိမ့်မယ်ကွာ"
ရှောင်းကျန့်ဝယ်ပေးတဲ့ဝတ်စုံလေးကဘောင်းဘီဒူးအကျလေးကိုမှပွပွယယအပေါ်ကshirtအပါးလေးနဲ့မို့အရမ်းကိုကလေးဆန်တဲ့ပုံလေးပေါက်နေသည်
သူကိုယ်တိုင်လည်းအရမ်းကြီးကျယ်တဲ့အဝတ်အစားမျိုးဝတ်မနေဘဲ
ပေါ့ပေါ့ပါးပါးလေးသာဝတ်ထားသည်မို့နှစ်ယောက်သားကလိုက်ဖက်နေသည်"သွားကြမယ်"
"အင်း"
မနက်စာစားပြီးနှစ်ယောက်အတူတူကားပေါ်တက်ကာနည်းနည်းချောင်ကျပြီးလူမစည်ကားတဲ့နေရာလေးတစ်ခုကမိဘမဲ့ဂေဟာလေးဆီကိုစတင်ထွက်ခွာလာခဲ့ကြတယ်
မြို့ငယ်လေးဟုပြောလျှင်ပင်မှားနိုင်မယ်မထင်
နေရာတိုင်းကလူရှိပေမဲ့လူဦးရေထူထူထပ်ထပ်ကြီးလည်းမဟုတ်ပြန်
လူချမ်းသာအသိုင်းအဝိုင်းလည်းသိပ်မရှိတာမို့ဒီနေရာလေးကရိပေါ်အရမ်းလှူချင်တဲ့စိတ်ကူးထဲကပုံစံလေးပင်
ဂေဟာရောက်တော့သူသေချာစေ့စပ်စွာလိုက်ကြည့်မိသည်
ကလေးလေးတွေကဂေဟာမှာရှိသင့်သလောက်ရှိပေမဲ့သိပ်ပြီးတော့ပြည့်စုံတဲ့ပုံမပေါ်"အသက်လေး....ကိုယ့်အနားကိုလာဂေဟာမှူးနဲ့စကားသွားပြောရအောင်"
ရှောင်းကျန့်အနားကိုသွားလိုက်တော့ဟိုကလက်လေးကိုကိုင်လိုက်ကာဆွဲခေါ်သွားသည်
ဂေဟာရဲ့အတွင်းပိုင်းကိုဝင်သွားတော့တစ်နိုင်တစ်ပိုင်ကလေးတွေကိုစာသင်ပေးတဲ့ကောင်မလေးတွေ
အသက်(၂,၃)နှစ်လောက်ဘဲရှိတဲ့ကလေးတွေကိုထိန်းကျောင်းနေတဲ့ဆရာမတွေကလေးလေးတွေငိုသံဆော့ကစားသံတွေနဲ့နည်းနည်းတော့ဆူညံနေတယ်
YOU ARE READING
𝐁𝐀𝐃 𝐆𝐔𝐘
Fanfictionပေပေတေတေဆိုးသွမ်းတဲ့လူဆိုးကြီးနဲ့အရမ်းရိုးသားပြီးချစ်စရာကောင်းတဲ့ကောင်လေးတို့၂ယောက်ချစ်ခဲ့မိသောအခါ