"သောက်လိုက်"
စစတုန်းကရှောင်းကျန့်ရိပေါ်ကိုမသောက်စေချင်တာကြောင့်partyကအကူကောင်လေးတွေကမ်းလှမ်းတဲ့ဝိုင်ခွက်ကိုတောင်လက်ထဲထည့်မပေးခဲ့
ဗိုက်ဆာနေမှန်းသိတာကြောင့်စားစရာအများစုယူရန်ပြင်ထားတဲ့နေရာကိုသွားတုန်းလမ်းမှာမထင်မှတ်ဘဲပွဲစီစဉ်သူနဲ့တွေ့ကာမလွှဲသာမရှောင်သာအခြေအနေဖြစ်နေခဲ့သည်ရိပေါ်တစ်ယောက်သူ့ဆီကမ်းပေးသောဝိုင်ခွက်ကိုတရိုတသေယူပြီးသောက်လိုက်သည်
လည်ချောင်းထဲကိုဖြတ်ပြီးစီးဆင်းသွားတဲ့အရည်ရဲ့အရသာကပျင်းရှရှ ဝိုင်နီဆိုလို့ချိုမယ်ထင်ထားခဲ့တဲ့သူ့အဖို့တော့အရသာကဆိုးရွားလွန်းတယ်ရိပေါ်မျက်နှာတစ်ချက်ပျက်သွားတာမြင်တော့ရှောင်းကျန့်ကဝိုင်နီမဟုတ်တဲ့ရိုးရိုးဖျော်ရည်တစ်ခွက်ကိုရိပေါ်ဆီကမ်းပေးလိုက်ပြီး
"သောက်လိုက်"
"အွန်း"
"မင်းစားချင်တာသွားယူစားထားနှင့်ငါလိုက်လာခဲ့မယ်"
"ဒီက မစ္စတာယွေ့(ပွဲစီစဉ်သူ)ကဘာကြောင့်များကျုပ်ကိုအရမ်းတွေပွဲတက်စေချင်ရတာပါလိမ့်...ကျုပ်လာတော့ပွဲကအရမ်းတွေစိုပြေပြီးစည်ကားသွားမှာလား...ဘာတွေများအကျိုးရှိသွားမှာပါလိမ့်"
"အကျိုးရှိတာပေါ့....မစ္စတာရှောင်းရဲ့ပါတနာလေးကိုမြင်လိုက်ရတယ်...မစ္စတာရှောင်းလိုလူမျိုးပွဲလာတယ်ဆိုတော့ကျုပ်ပွဲကမစ္စတာရှောင်းနာမည်နဲ့တင်ကျော်ကြားနေပြီ
ပွဲလာတဲ့သူတွေကလည်းမစ္စတာရှောင်းကိုမြင်တာနဲ့ရှိန်ကုန်တာဘဲနော့""ကျုပ်တို့(၂)ယောက်ကြားမှာစီးပွားရေးဆိုတဲ့အကန့်လေးဘဲရှိတာနော်
မသေသေးတဲ့ခင်ဗျားအဖိုးမျက်နှာကြောင့်သာမဟုတ်ရင်အကန့်သေးသေးလေးကဒီညခင်ဗျားလုပ်လိုက်တဲ့လုပ်ရပ်ကြောင့်ပေါက်ကွဲကျိုးကြေသွားပြီ....
ဒါဆိုခွင့်ပြုပါဦး"ရှောင်းကျန့်ထွက်သွားတော့မှ
"သူလည်းစီးပွားရေးလောကမှာနာမည်ကြီးတယ်
ငါလည်းနာမည်ကြီးတယ်...အတူတူဘဲကိုဘဝင်လာမြင့်နေတာ....တစ်စုံတစ်ယောက်ကအထိမခံနိုင်လောက်အောင်တန်ဖိုးထားမြတ်နိုးနေပြီဆိုရင်ငါကအဲ့အရာကိုဖျက်ဆီးချင်တာအရမ်းတွေဖြစ်ပြရင်ကြည့်မရတတ်ဘူး"
YOU ARE READING
𝐁𝐀𝐃 𝐆𝐔𝐘
Fanfictionပေပေတေတေဆိုးသွမ်းတဲ့လူဆိုးကြီးနဲ့အရမ်းရိုးသားပြီးချစ်စရာကောင်းတဲ့ကောင်လေးတို့၂ယောက်ချစ်ခဲ့မိသောအခါ