လမ်းတလျှောက်မောင်းလာ သောကားပေါ်၌,
"ခုနကောင်လေးအကြောင်း စုံစမ်းပေး"
"သူ့နာမည်ကဝမ်ရိပေါ်...ရပ်ကွက်ထဲက လူတွေကအဖြူလုံးလေးလို့ လည်းခေါ်ကြတယ်...တကိုယ်လုံးဖြူဖွေးပြီး ချစ်စရာကောင်းလို့
သူက အဲ့ဆင်းရဲသားရပ်ကွက်မှာ နေတာပါBoss...သူ့အဒေါ်က လောင်းကစားတွေ အရမ်းလုပ်တာ...သူတို့အခုနေတဲ့အိမ်ကလည်း Bossဆီမှာ ပေါင်ထားတာ
လွန်ခဲ့တဲ့၂ရက်က Bossဆီကို အိမ်လာပေါင်တဲ့လူတယောက်ရှိတယ်လို့ ကျွန်တော်တို့ပြောတယ်လေ
Bossထွက်မကြည့်ဘဲ ကျွန်တော်တို့ကို ကြည့်ရှင်းလိုက်လို့ပြောတယ်....အဲ့တာ အဲ့ကောင်လေးတို့အိမ်ကောင်လေးကသနားစရာပါ ငယ်ငယ်တည်းက မိဘတွေ တံငါလုပ်ရင်း ရေနစ်သေတယ်
အဒေါ်က နှလုံးရောဂါသည်ဆိုတော့ အဒေါ်စိတ်တိုင်းကျ ကောင်လေးက အကုန်လိုက်ဖြည့်ဆည်းပေးရှာတယ်
သူက အချိန်ပိုင်းအလုပ်တွေ လုပ်တယ်ထင်တယ်""မင်းတို့သူ့အကြောင်း ဘယ်လိုသိ"
"ကျွန်တော်တို့ အရင်က အဲ့ရပ်ကွက်မှာ နေတာလေ
နောက်ပိုင်းမှ ကျွန်တော်တို့ငတ်ပြတ်ပြီး သေခါနီးဖြစ်နေအချိန် Bossက ကျွန်တော်တို့ကို စားစရာတွေပေးပြီး ကျွေးမွေးပေးခဲ့တာBossနဲ့မတွေ့ခင်တည်းက ကျွန်တော်တို့ အဲ့ရပ်ကွက်မှာနေဖူးတယ်"
"ဟုတ်ပြီ...မနက်ဖြန် သူအချိန်ပိုင်းလုပ်တဲ့ဆိုင်
ငါ့ကိုလိုက်ပို့""သူတို့ဆီက အိမ်နောက်တပတ်မှ ပြန်မရွေးနိုင်ရင်ဆုံးတော့မှာ"
ရှောင်းကျန့်မဲ့ပြုံးပြုံးလိုက်ကာ
"ဒီကိစ္စနဲ့ပတ်သက်ပြီး အဲ့ကောင်လေးကို ငါကိုယ်တိုင်သွားပြောမယ်"
"Yes Boss"
------------------------------
"အန်တီလေးရေ....သားအလုပ်သွားတော့မယ်...ထင်တိုင်းကျဲမနေနဲ့နော်"
"ဝမ်လေး အန်တီလေးအတွက် အသုံးစရိတ်ပေးခဲ့ဦး"
"အန်တီလေးကလည်း အိမ်မှာ ပြည့်စုံအောင်အကုန်လုပ်ထားပေးခဲ့တာကို...စားစရာလည်း မပူရဘူးလေ"
YOU ARE READING
𝐁𝐀𝐃 𝐆𝐔𝐘
Fanfictionပေပေတေတေဆိုးသွမ်းတဲ့လူဆိုးကြီးနဲ့အရမ်းရိုးသားပြီးချစ်စရာကောင်းတဲ့ကောင်လေးတို့၂ယောက်ချစ်ခဲ့မိသောအခါ