ရှောင်းကျန့်နားထဲသူ့အသက်လေးရဲ့အသံကြားလိုက်သလို
မင်္သကာတာကြောင့်အသက်လေးရှိတဲ့နေရာဆီအပြေးသွားကြည့်မိတော့wheelchairပေါ်ကအောက်ကိုအားလျားမှောက်လျက်ပြုတ်ကျနေသောအသက်လေးကလူအုပ်ကြားထဲကရုန်းထွက်ချင်နေပုံ
သူ့ကိုမြင်သည်နှင့်တွားသွားလျက်သူ့ဆီလာနေတယ်
ဘေးနားကလူများကလည်းအသက်လေးကိုတွဲထူမပေးကြထူးဆန်းသောအကြည့်များနဲ့သာကြည့်နေကြသည်
သူအသက်လေးရှိရာအမြန်ပြေးသွားကာဒူးထောက်ထိုင်ချလိုက်ပြီးအသက်လေးကိုယ်လုံးလေးကိုချိုင်းအောက်ကဆွဲမြှောက်လိုက်
ပြီးမှရင်ခွင်ထဲထည့်ကာကျောကုန်းလေးပုတ်ပေးပြီး"ဘာမှမဖြစ်တော့ဘူး
ကိုယ်ရှိတယ်...ကိုယ်ရှိနေပြီဘဲဘာမှကြောက်စရာမလိုဘူးကိုယ့်အသက်လေးမငိုပါနဲ့တိတ်တော့...အသက်လေးကိုဘယ်သူလုပ်တာလဲ"ရှောင်းကျန့်ရဲ့အမေးစကားတွေကိုအသက်လေးအရင်မဖြေနိုင်
ရင်ဘက်ကအင်္ကျီစတွေကိုဆုပ်ကိုင်ကာရင်ခွင်ကျယ်ကြီးထဲပစ်ဝင်မိပြန်သည်ဒီလူ့ရဲ့ရင်ခွင်ကြီးကသူပုန်းလျှိုခိုလှုံဖို့အကောင်းဆုံးနေရာကြီးလို့ပြောလျှင်တောင်မှားနိုင်မည်မထင်
သူ့တစ်ကိုယ်လုံးလုံအောင်ပုန်းနိုင်သည်အထိအရမ်းကိုကြီးကျယ်ပြီးသူ့အတွက်ပြည့်စုံတောင့်တင်းလွန်းတယ်
ရင်ခွင်ရဲ့အနက်ရှိုင်းဆုံးတစ်နေရာရောက်လုဆဲဆဲအထိသူ့မျက်နှာကိုအပ်ထားလိုက်သည်"ရှန်ရှင်း...ရှန်ရှင်းကို...ငါ....ကြောက်.....တယ်
ခေါင်းတွေလည်းအရမ်းနာတယ်...ဟင့်...တစ်ယောက်ယောက်ကငါ့ခေါင်းကိုလာရိုက်နေတယ်...အရာအားလုံးကိုမသဲကွဲဘူး...ခေါင်းတွေ...ခေါင်းကြီးကတော်တော်နာတယ်...ပေါက်ထွက်တော့မှာလားမသိဘူး
ငါအရမ်းဝမ်းနည်းတယ်
ဟင့်...အင့်""ဆေးရုံသွားမယ်...ကိုယ်ခုချက်ချင်းဆေးရုံခေါ်သွားမယ်
တိတ်ပါတော့ ကိုယ့်အသက်လေးမငိုပါနဲ့
ဒီလူအုပ်ထဲကကိုယ်အပြင်ကိုခေါ်ထုတ်သွားမယ်
အသက်လေးတိတ်ပါတော့"အင်္ကျီစကိုဆုပ်ကိုင်ထားတဲ့လက်တွေကတင်းကျပ်ကာတုန်ယင်နေသည်မို့ဒီကောင်ငယ်လေးဘယ်လောက်တောင်ကြောက်လန့်နေပါလိမ့်မလဲ....သူမတွေးဝံ့တော့ပါ
YOU ARE READING
𝐁𝐀𝐃 𝐆𝐔𝐘
Fanfictionပေပေတေတေဆိုးသွမ်းတဲ့လူဆိုးကြီးနဲ့အရမ်းရိုးသားပြီးချစ်စရာကောင်းတဲ့ကောင်လေးတို့၂ယောက်ချစ်ခဲ့မိသောအခါ