"ပြန်လာပြီလား...ဒီနေ့ နည်းနည်းစောတယ်နော်"
"စောစောပြန်လာတာ ထမင်းပွဲပြင်ထားလိုက်....ရေချိုးပြီး ငါဆင်းလာခဲ့မယ်"
"ဟုတ်ကဲ့"
ရှောင်းကျန့်ပြောတဲ့အတိုင်း မီးဖိုချောင်ဝင်ပြီး ပြင်ဆင်စရာရှိတာများကို ပြင်ဆင်ထားလိုက်သည်
သူပြင်ဆင်ပြီး တော်တော်ကြာတော့ ရှောင်းကျန့်ဆင်းလာတယ်"ဒါဘာလဲ"
စားပွဲပေါ်မှာတင်ထားတဲ့ အစိမ်းရောင်ပုလင်းလေးကို
မြင်လိုက်တာကြောင့် မေးလိုက်လေသည်"ဒါက ထောပတ်သီးနဲ့အရွက်တစ်ချို့ရောပြီး ကျိတ်ထားတဲ့ဖျော်ရည်မျိုးလေ
အိပ်ခါနီး ဝိုင်သောက်မဲ့အစား ဒါလေးသောက်...ကျန်းမာရေးနဲ့လည်း ညီညွတ်တယ်...ကောင်းလည်းကောင်းတယ်လေ...ခင်ဗျားအတွက် လုပ်ပေးထားတာ"
"ကျေးဇူးဘဲ"
"ရပါတယ်"
အခုသူ့ကိုဂရုစိုက်ပေးမဲ့ ကောင်လေးတစ်ယောက်က
ရှိနေတယ်...ဂရုစိုက်ခံရတဲ့ခံစားချက်က အရမ်းကောင်းတယ်သူသဘောကျတယ်….ဒီလူသားလေးက သူ့အတွက်နောက်ဆုံးသော ကောက်ရိုးမျှင်လေးတစ်ချောင်းလို
သူလွှတ်မပေးချင်တော့ဘူး"မင်းစားပြီးရင် အပေါ်တက်နားတော့ ငါလုပ်စရာရှိသေးတယ်"
"အဲ့တာဆို သွားလိုက်ပါဦးမယ်....ဖျော်ရည်တွေတော့
ကုန်အောင်သောက်နော်"ရှောင်းကျန့်ကတော့ ဧည့်ခန်းထဲမှာ စာရင်းတစ်ခုခုကိုတွက်ချက်ပြီးကျန်ခဲ့ပေမဲ့ ရိပေါ်ကတော့ အပေါ်ထပ်တက်သွားလိုက်သည်
အိပ်ရာပေါ်လှဲချလိုက်သည်နှင့် အိပ်ပျော်သွားခဲ့သည်
ညသန်းခေါင်အချိန်ရောက်တော့ ဗိုက်ဆာတာကြောင့်တစ်ခုခုစားသောက်ရန် အောက်ထပ်သို့ ဆင်းလာလိုက်တယ်
လူကအိပ်ချင်မူးတူးဖြစ်နေတာကြောင့် မျက်လုံးကသိပ်မပွင့်"အား....."
ခွမ်း....(ဖန်ခွက်ကျကွဲသံ)
"ဘာဖြစ်တာလဲ"
ရှောင်းကျန့် အလျင်အမြန်ပင် အသံကြားရာဆီပြေးလာမိသည်
ဟိုရောက်တော့ သူမြင်လိုက်ရသည်က...
YOU ARE READING
𝐁𝐀𝐃 𝐆𝐔𝐘
Fanfictionပေပေတေတေဆိုးသွမ်းတဲ့လူဆိုးကြီးနဲ့အရမ်းရိုးသားပြီးချစ်စရာကောင်းတဲ့ကောင်လေးတို့၂ယောက်ချစ်ခဲ့မိသောအခါ