part (6)

3.5K 247 0
                                    

"အဟက် မင်းကဒီနေ့စောစောနိုးတာဘဲ"

"ခင်ဗျား....မနက်စာ မစားတော့ဘူးလား"

"ပေး...ငါ့အတွက်မနက်စာ"

"ဒါတွေအကုန်လုံး ကျွန်တော်စောစောထပြီး ချက်ပြုတ်ထားတာတွေ"

စားပွဲပေါ်မှာ ပြင်ဆင်ချက်ပြုတ်ထားတဲ့ အစားအစာတွေကို ညွှန်ပြလိုက်သည်
ရှောင်းကျန့်ထိုင်ခုံမှာထိုင်ကာ စားစရာအနည်းအကျဉ်းကို စားလိုက်ပြီး

"မဆိုးပါဘူး...တော်သားဘဲ"

နည်းနည်းလေးဘဲစားကာ ထသွားမယ်ကြံတော့

"ခင်ဗျားဘယ်သွားမလို့လဲ....ဒီမှာကျွန်တော်ပြင်ပေးထားတာ နည်းနည်းလေးဘဲ စားရသေးတယ်လေ...အများကြီးပိုနေတယ်"

"ပိုနေရင်လွှင့်ပစ်လိုက်...ငါ့ကိုဘယ်သွားမှာလဲ
ဘာလုပ်မှာလဲဆိုတာ....မင်းမှာမေးပိုင်ခွင့်မရှိဘူး...ငါတို့ကအလုပ်ရှင်နဲ့ အလုပ်သမားသာသာ ဆက်ဆံရေးဘဲ"

"ဟုတ်ကဲ့ပါ"

ခေါင်းလေးငုံ့သွားပြီး ဟုတ်ကဲ့ပါလို့ ပြောတတ်တဲ့ကောင်လေးက မျက်နှာတော့သိပ်မကောင်း...ရှောင်းကျန့်လည်း ဘာမှပြောမနေတော့ဘဲဂလှည့်ထွက်လာခဲ့လိုက်သည်

"သခင်ကြီးက သူ့အကြောင်းစပ်စုရင် မကြိုက်ဘူး....စိတ်မကောင်းမဖြစ်ပါနဲ့ လုပ်စရာရှိတဲ့အလုပ်တွေမြန်မြန်လုပ်ပြီး
စောစောသာနားလိုက်ပါ"

"မမကဒီအိမ်ကြီးရဲ့ ဘယ်နေရာမှာ အလုပ်လုပ်ရတာလဲ"

"ငါကဒီအိမ်မှာ အဝတ်လျှော်ပေါ့....အိမ်မှာရှိတဲ့ညစ်ပတ်စွန်းထင်းနေတဲ့ အဝတ်မှန်သမျှကို လျှော်ဖွတ်ပေးရတယ်
တစ်ချို့အဝတ်ကြီးတွေကျတော့ အဝတ်လျှော်စက်ထဲထည့်လျှော်ရတာပေါ့....သခင်ကြီးကလူကောင်းပါ"

"အိမ်အကူက ဒီမှာရှိတဲ့သူအကုန်လုံးလား"

"ဟုတ်တယ်...အိမ်တော်တစ်ခုလုံးရဲ့ သန့်ရှင်းရေးကိုတာဝန်ယူရတဲ့ ကောင်မလေးက(၅)ယောက်....ငါနဲ့တစ်ယောက်ယောက်က ခုနညစ်ပတ်တဲ့အဝတ်တွေကို
လျှော်ဖွတ်ရတယ်....ခြံထဲမှာ မြက်နှုတ်တာနဲ့ခြံစောင့်
အပါအဝင်လူ(၃)ယောက်ရှိတယ်"

𝐁𝐀𝐃 𝐆𝐔𝐘Where stories live. Discover now