အချိန်တွေကုန်တာမြန်လွန်းတယ်
အသက်လေးရင်ခွင်ထဲမှာသူရှိနေတဲ့အချိန်တွေကကျန်တဲ့အချိန်တွေထက်ပိုပြီးအကုန်မြန်သလို
အသက်လေးနဲ့သူနဲ့အတူရှိတဲ့အချိန်တွေကိုကြာရှည်စွာတည်မြဲစေချင်တယ်
ကြားထဲကအစိုင်အခဲဖြစ်စေမယ့်အရာတွေအထင်လွဲစေနိုင်မယ့်အရာတွေကိုအတတ်နိုင်ဆုံးနဲ့အမြန်ဆုံးရှင်းရမယ်ဆိုတာသူအသိဆုံးအိမ်မက်တွေကမလှပေမယ့် လက်တွေ့ဘဝအပြင်လောကမှာတော့သူကအသက်လေးရင်ခွင်ထဲမှာနွေးထွေးနေဆဲ
ပြတင်းတံခါးကိုဖြတ်ပြီးတိုက်ခတ်လာတဲ့လေပြေအေးအေးလေးကြောင့်အရင်တည်းကအအိပ်ဆတ်သူမို့သူဆတ်ခနဲနိုးလာတယ်
နိုးလာတဲ့အချိန်ခေါင်းထောင်ကြည့်မိတော့အသက်လေးရင်ခွင်ထဲမှာဘဲအသက်လေးကတော့အိပ်နေဆဲ
ပြတင်းတံခါးကတစ်ခါဘဲဖြတ်သန်းတိုက်ခတ်တဲ့လေအေးအေးတွေကိုသူမကျေနပ်ပါ
နူးညံ့လွန်းတဲ့အသားအရည်ကိုခဏတာလာရောက်ထိခတ်မှုကြောင့်အသားအရည်ပိုင်ရှင်လေးတစ်ခုခုဖြစ်သွားမှာကိုလည်းသူမလိုလား လေအေးတွေကနားထဲဝင်ရောက်ဆူညံစေကာအသက်လေးနိုးသွားမှာလည်းစိုးရိမ်
ဒီလူသားလေးအပေါ်အမှားအများစုကိုသူကိုယ်တိုင်ကျူးလွန်ထားခဲ့သည်မို့
ထိုလုပ်ရပ်တွေကိုထပ်ခါထပ်ခါတွေးမိတိုင်းသူနောင်တရမိသလိုဒီလူသားလေးကိုလည်းအသက်လောက်ချစ်ရပြန်ပါတယ်သူ့အသက်လေးအအေးမိမှာစိုးရိမ်တာကြောင့်အစတည်းကခါးတစ်ပိုင်းတင်ခြုံထားတဲ့စောင်လေးကိုဘေးတစောင်းလှဲအိပ်နေသူအသက်လေးရဲ့ပခုံးပေါ်ရောက်သည်အထိဆွဲခြုံပေးလိုက်သည်
ပြီးမှအသက်လေးလက်မောင်းပေါ်ကိုအသာအယာခေါင်းအုံးကာပြန်အိပ်မယ်ပြင်တယ်
ရင်ခွင်ထဲကိုခေါင်းလေးပြန်ဝှက်ကာသေချာနှစ်ခြိုက်စွာအိပ်မယ်ကြံတော့ သူ့မျက်စိရှေ့မှာစိတ်ဝင်စားစရာမြင်ကွင်းတစ်ခုကပေါ်လာသည်ဆေးရုံကပေးတဲ့ဝတ်စုံကအသက်လေးအဖို့ကြီးလွန်းတဲ့အပြင်အသက်လေးကကြယ်သီးအစုံမတတ်ထားတာကြောင့်ရင်ဘက်တစ်ဝိုက်ကဟနေကာအဖိခံထားရတဲ့လက်မောင်းတစ်ခြမ်းဘက်မှာရှိတဲ့အင်္ကျီစကချိုင်းကြားညှပ်နေတာမို့
ရင်ဘက်တစ်ခြမ်းကဖော်ထားသလို
ပေါ်လာတဲ့ဖြူဖွေးဖွေးရင်ဘက်ပေါ်ကနီရဲရဲအသီးလေးကအတိုင်းသား
YOU ARE READING
𝐁𝐀𝐃 𝐆𝐔𝐘
Fanfictionပေပေတေတေဆိုးသွမ်းတဲ့လူဆိုးကြီးနဲ့အရမ်းရိုးသားပြီးချစ်စရာကောင်းတဲ့ကောင်လေးတို့၂ယောက်ချစ်ခဲ့မိသောအခါ