"သူဌေး....ကျောက်လုယွင်ရဲ့ အဖေသေသွားပါပြီ"
"ကြေးစားရော"
"သူ့ဆီကလည်းဘာမှအသံမကြားရပါဘူး"
"ကျောက်လုယွင်က ကြေးစားကို ငါ့အစားသတ်ပေးလိုက်တော့လည်း အလုပ်ရှုပ်သက်သာတာပေါ့....ကားပြင်ထားပြီး ပန်းတစ်စည်းပို့လိုက်...အဲ့နာရေးသွားမယ်"
"ဟုတ်ကဲ့ပါ"
ရှောင်းကျန့်စကားအတိုင်း ကားကိုအဆင်သင့်ဖြစ်အောင် ပြင်လိုက်ပြီး နာရေးသို့သွားလေသည်
ရှောင်းကျန့်မှာ လူ အရင်မရောက် နာရေးကို သူ့ပန်းစည်းကကြိုရောက်နေတော့ ဒေါသထွက်နေချိန်
ရှောင်းကျန့်ကိုပါမြင်လိုက်ရတာကြောင့် ကျောက်လုယွင်တစ်ယောက် ပေါက်ကွဲချင်ပေမဲ့ ဖခင်နာရေးဖြစ်တာကြောင့် ဟန်မပျက်ပြုံးထားဆဲ
"ဝိုး....ရှောင်းကျန့်လာရဲတယ်"
"မလာရဲတဲ့နေရာ ဘယ်နေရာများရှိလို့လဲ"
"နေကောင်းပါသလား....မစ္စတာကျောက်လုယွင်"
"ကောင်းတာပေါ့...ဒီကမစ္စတာရှောင်းရော...နေကောင်းပါသလား"
"တစ်ယောက်ယောက်က ဟိုတစ်လောက လူငှားပြီးလုပ်ကြံတယ်...
ဒါပေမဲ့ကိုယ့်ကိုဂရုစိုက်ပေးမဲ့ တစ်ယောက်သောသူကလည်းရှိတာကြောင့် ကျုပ်က မြန်မြန်နေကောင်းလာတယ်လေ...
လုပ်ကြံမှုနောက်ကွယ်က ကြိုးကိုင်သူကိုလည်း ကိုယ့်ရှူးကိုယ်ပတ်အောင် လုပ်နိုင်ပြီဆိုတော့ ကျုပ်က
ခင်ဗျားအဖေရဲ့ဈာပနပွဲကို ဂုဏ်ပြုပေးတာပါ"ရှောင်းကျန့် ကျောက်လုယွင်ရဲ့ နားနားကိုကပ်ကာ
တိုးတိုးလေးပြောလိုက်သည်က"စိတ်မကောင်းပါဘူး....ငါ့နေရာမှာ မင်းအဖေဖြစ်သွားလို့"
"တောက်...."
"ဒါဆို....သွားခွင့်ပြုပါဦး....စကားမစပ် ကျုပ်ရဲ့နာရေးပန်းစည်းလေးက လှတယ်မလား...ခင်ဗျားအတွက်ရော နောက်တစ်စည်းကြိုမှာပေးထားရမလားမစ္စတာကျောက်"
"အရိုင်းအစိုင်းကောင်"
"စိတ်ထိန်းပါဆရာ...သခင်ကြီးနာရေးဖြစ်နေတာမို့
ဒေါသထွက်ဖို့မသင့်တော်ပါဘူး"
YOU ARE READING
𝐁𝐀𝐃 𝐆𝐔𝐘
Fanfictionပေပေတေတေဆိုးသွမ်းတဲ့လူဆိုးကြီးနဲ့အရမ်းရိုးသားပြီးချစ်စရာကောင်းတဲ့ကောင်လေးတို့၂ယောက်ချစ်ခဲ့မိသောအခါ