"အသက်လေး.....အသက်လေး"
ကိုယ်လုံးလေးကcarpetပေါ်လဲမကျခင်သူဖမ်းမိလိုက်ပေမဲ့
ရင်ခွင်ထဲကလူကသတိမရှိတော့"အားးးးကိုယ်တောင်းပန်ပါတယ်....တောင်းပန်ပါတယ်
မျက်လုံးဖွင့်ကြည့်ပါဦး....ကိုယ့်နာမည်လေးခေါ်ပါဦး
အသက်ရှူသေးတယ်...ကိုယ်ဆေးရုံခေါ်သွားမယ်"အချိန်မနှောင်းခင်ဆေးရုံခေါ်သွားဖို့ပွေ့ချီလိုက်တော့သူ့အင်္ကျီတစ်ဝိုက်မှာသွေးတွေ
ပန်းအိုးနဲ့ပစ်ပေါက်လိုက်စဉ်တုန်းကခေါင်းကိုမှန်ပြီးခေါင်းကွဲသွားကာ
ဒဏ်ရာနက်တာကြောင့်သွေးများစီးကျလာခြင်းသာ"အသက်လေး....အသက်လေး...ကိုယ်မရည်ရွယ်ပါဘူး
မင်းကကိုယ့်နောက်ရောက်နေတာကိုယ်သတိမထားခဲ့မိတာပါ
ကိုယ်အရမ်းမှားသွားပါတယ်
မင်းအိပ်နေတဲ့အချိန်တွေကလွဲပြီးတစ်ခြားအချိန်တွေမှာမင်းမျက်လုံးတွေကိုအကြာကြီးမှိတ်ထားရင်ကိုယ်မကြိုက်ဘူး"လမ်းတစ်လျှောက်လုံးစကားတွေအဆက်မပြတ်ဘဲပြောနေပေမဲ့ရင်ခွင်ထဲကလူကတော့လှုပ်ရှားမှုနတ္ထိ
ကားမောင်းတာတောင်သူ့ရဲ့အသက်လေးရဲ့ခန္ဓာကိုယ်ကိုသူ့ရင်ခွင်ထဲထည့်ထားတုန်းပင်ဆေးရုံရောက်တော့ အလောတကြီးနဲ့အရူးတစ်ပိုင်းလိုဖြစ်လာတဲ့ဒီလူရဲ့ရင်ခွင်ထဲကကောင်လေးကိုDoctorနဲ့Nurse တွေကပြာပြာသလဲအရေးပေါ်ခန်းထဲဆွဲခေါ်သွားတယ်
2နာရီလောက်ကြာတော့အရေးပေါ်ခန်းထဲကဆရာဝန်တစ်ယောက်ကထွက်လာတယ်
"ခဏနေရင်လူနာကိုသွားတွေ့လို့ရပါပြီ"
ဆေးရုံကပါရဂူကြီးပြောတဲ့အတိုင်းရိပေါ်ကိုထားတဲ့အခန်းကိုသွားကာအခန်းအပြင်ကနေအထဲကိုမသိမသာလှမ်းကြည့်လိုက်တော့ အခန်းထဲကလူကကုတင်ပေါ်မှာဖြူဖျော့စွာလဲလျောင်းနေဆဲ
တံခါးကိုတိုးညှင်းစွာဖွင့်ကာအခန်းထဲဝင်သွားပြီးတော့ရင်ဘက်ပေါ်တင်ထားတဲ့လက်ဖြူဖြူလေးကိုဆွဲယူလိုက်ကာနမ်းရှိုက်လိုက်ပြီး
"တောင်းပန်ပါတယ် အရာအားလုံးကိုယ့်အမှားတွေပါ
ကျေးဇူးပြုပြီးသတိရလာပေးပါ
ကိုယ့်ကိုသိပ်ချစ်ရင်သတိရလာပေးပါ....ဒီတစ်ပတ်အတွင်းမှသတိရမလာရင် ကိုမာ ဝင်နိုင်ချေရှိတယ်လို့ပြောနေကြတယ်
ကိုယ်မယုံကြည်နိုင်ဘူး
ဒီလောက်ကြီးဖြစ်သွားမယ်လို့
YOU ARE READING
𝐁𝐀𝐃 𝐆𝐔𝐘
Fanfictionပေပေတေတေဆိုးသွမ်းတဲ့လူဆိုးကြီးနဲ့အရမ်းရိုးသားပြီးချစ်စရာကောင်းတဲ့ကောင်လေးတို့၂ယောက်ချစ်ခဲ့မိသောအခါ