"တောင်းပန်ပါတယ်....ခွင့်လွှတ်ပေးပါ..ဒီအဖိုးရဲ့မြေးက မှားယွင်းခဲ့ပါတယ်"
"သူများအပိုင်ပစ္စည်းကို ထပ်ပြီး ဖျက်စီးဖို့အကြံအစည်မရှိအောင် အရင်သင်ပေးလိုက်...ပြီးမှ
ဆက်ပြောကြတာပေါ့""တောင်းပန်ပါတယ်...တောင်းပန်ပါတယ် မြုပ်နှံထားတဲ့ ရှယ်ယာတွေကို ပြန်မထုတ်ပါနဲ့"
ရိုးရိုးတောင်းပန်လို့မရတာကြောင့် ခြေသလုံးဖက်ပြီးတောင်းပန်တဲ့ပုံကြောင့် ရှောင်းကျန့်အဖို့ အရှက်ရစေသည်
"မနက်ဖြန်ထမင်းမငတ်ချင်ရင်....မင်းအခုချက်ချင်းလာ တောင်းပန်လိုက်"
အဖိုးကသူ့မြေးဖြစ်သူ မစ္စတာယွေ့ကို လှမ်းခေါ်ကာတောင်းပန်ခိုင်းတယ်
"ကျွန်တော့်ရဲ့ ရိုင်းပြမှုအတွက် ခွင့်လွတ်ပါ"
"အဲ့တာမင်းနဲ့ငါ့ကြားက ကွာခြားချက်....ငါ့ပစ္စည်းငါပိုင်တယ်
မင်းအပိုင်ပစ္စည်းဆိုတာ ခုထိမရှိသေးဘူး...အဲ့တာကြောင့် မင်းကခုချိန်မှာ သူများရှေ့ ခေါင်းငုံ့နေရတုန်းဘဲမင်းကိုယ်မင်း တော်တယ်တတ်တယ်လို့ ဘဝင်မြင့်တဲ့စိတ်ဓာတ်ရှိရင် တစ်ချိန်ချိန်ကျ မင်းထက်တော်တဲ့တတ်တဲ့သူကပေါ်လာပြီး မင်းကိုအနိုင်ယူသွားမှာဘဲ"
"ရှောင်းကျန့် တောင်းပန်နေတယ်...ခွင့်လွှတ်လိုက်လေဖိုးဖိုးကြီးသနားပါတယ်"
ရင်ခွင်ထဲကလူက မပီမသလေသံနဲ့ပြောလာတယ်
"ရှောင်းကျန့်လူဆိုး...ရှောင်းကျန့်မကောင်းဘူး...ရှောင်းကျန့်က တကယ့်လူဆိုးအကြီးကြီး"
ရှောင်းကျန့်စစတုန်းက အံ့ဩမိပေမဲ့ နောက်မှမူးနေတဲ့သူကရမ်းတော့မယ် ဆိုတာရိပ်မိလိုက်တာကြောင့်
"ခင်ဗျားတို့ထတော့...ဒါပထမဆုံးအကြိမ်နဲ့နောက်ဆုံးအကြိမ်ဖြစ်ပါစေ"
"ကျေးဇူးတင်ပါတယ်....ကျေးဇူးတင်ပါတယ်"
နောက်ကလူတွေရဲ့ ကျေးဇူးတင်မှုကိုအသိအမှတ်ပြုနေချိန်မရ...သူ့လက်မောင်းကြားထဲက လူကိုဖက်ကာကားပေါ်တင်ပြီး အိမ်ပြန်ဖို့လုပ်ရမယ်
YOU ARE READING
𝐁𝐀𝐃 𝐆𝐔𝐘
Fanfictionပေပေတေတေဆိုးသွမ်းတဲ့လူဆိုးကြီးနဲ့အရမ်းရိုးသားပြီးချစ်စရာကောင်းတဲ့ကောင်လေးတို့၂ယောက်ချစ်ခဲ့မိသောအခါ