part(25)

2.7K 188 8
                                    

"ဒါလင်.....သူကဘယ်သူလဲ"

"ငါကရှောင်းကျန့်နဲ့အတူမင်းထက်အရင်ဒီနေရာကို​ရောက်ဖူးတဲ့သူပေါ့"

"အာ....သူငယ်ချင်းအချင်းချင်းမို့ရောက်လာဖူးတာမဆန်းပါဘူး"

ရှောင်းကျန့်ဘာမှမပြောတာကြောင့်ရိပေါ်ကဝင်ပြီးစကားလမ်းကြောင်းခင်းလိုက်တော့အခြေအနေတွေကသူထင်ထားသလိုမဟုတ်ခဲ့

"နိုး....နိုး...မှားတယ် ငါတို့ဆက်ဆံရေးကသူငယ်ချင်းဆက်ဆံရေးထက်နက်ရှိုင်းတယ်
ကြည့်ရတာမင်းကလည်းအသစ်လေးထင်တယ်....မကြာခင်ငါ့လိုဖြစ်သွားလိမ့်မယ်"

"မင်းပါးစပ်ပိတ်ထား....ရှန်ရှင်း"

"ဘာလို့လဲ...မတွေ့တာကြာတဲ့ရည်းစားဟောင်းကြီးအကြောင်းကိုငါကဖောက်သည်ချပေးနေတာလေ
မင်းရဲ့အသစ်တွဲတဲ့ကလေးလေးသိအောင်"

"ဟင်....မင်းတို့၂ယောက်က"

"ဒီကရှောင်းရှောင်းကျန့်ရဲ့ကလေးလေးကနားလည်ပြီဆိုတော့တို့ကသွားစရာရှိတာဆက်သွားရမှာပေါ့
ငါကဒီအပန်းဖြေစခန်းမှာအချိန်တော်တော်ကြာနေဦးမှာနော်
ရှောင်းကျန့်အကြောင်းတွေသိချင်ရင်လာမေး ငါကအကုန်သိတော့ပြောပြပေးမယ်
လောလောဆယ်တော့နှုတ်ဆက်ပါတယ်....ဒါနဲ့ငါအခုအသစ်ရနေပြီ
အဲ့တစ်ယောက်ကလေငါ့အပေါ်မှာမင်းထက်ပိုပြီးနူးညံ့တယ်"

ရှောင်းကျန့်ရင်ဘက်ကိုလက်ညိုးနဲ့ထိုးလိုက်ကာတစ်လုံးချင်းစီပြောသွားသည်
ကျန်ခဲ့တဲ့ရိပေါ်ကတော့အကြောင်သားလေးသူတို့၂ယောက်ကိုရပ်ကြည့်နေမိသည်
ရှောင်းကျန့်ကိုစကားလာပြောတဲ့ကောင်လေးကိုနောက်ကနေ အသားဖြူဖြူနဲ့လူကြီးတစ်ယောက်ကသိုင်းဖက်ပြီးလာခေါ်သွားတော့မှထိုကောင်လေးကစကားပြောခြင်းကိုရပ်တန့်လိုက်ပြီးထိုလူကြီးနောက်ကိုပါသွားတယ်

"ဒါလင်....သူပြောတာတွေကအမှန်လား"

"ခုချိန်ကိုယ်ဘာမှမပြောချင်ဘူးအသက်လေး.....အဲ့တာတွေကကျန်ခဲ့ပြီထားလိုက်တော့.....အခုအသက်လေးကိုပိုချစ်မယ်လေ......အခုကိုယ်လည်းအသက်လေးတစ်ယောက်ဆိုတစ်ယောက်ဘဲချစ်တာပါကွာ"

ရိပေါ်လက်လေးကိုကိုင်ကာသေချာ ပြောနေပေမယ့်
အချိန်တွေကနောက်ကျသွားခဲ့ပြီ
ရှောင်းကျန့်ကိုင်ထားတဲ့သူ့လက်ကိုဖြုတ်ချလိုက်ကာ

𝐁𝐀𝐃 𝐆𝐔𝐘Where stories live. Discover now