"အသက်လေးကိုယ်special nurseငှားချင်ပေမဲ့လေ
သူတို့ကအသက်လေးကိုနှိပ်စက်လို့ကိုယ်သူတို့ကိုသတ်ပစ်လိုက်ရတာအကြောင်းမဟုတ်ဘူး
သူတို့ကြောင့်ကိုယ့်အသက်လေးအရင်ဆုံးနာကျင်သွားရမှာဘဲကိုယ်စိတ်ပူတယ်ကျောက်လုယွင်ဆီကိုကိုယ်ဘယ်လိုခေါ်သွားရင်ကောင်းမလဲ
အသက်လေးအဆင်ပြေပါ့မလား
အပြင်ထွက်လို့လူစိမ်းတွေနဲ့တွေ့ရင်ကိုယ့်အသက်လေး
လန့်နေဦးမယ်"ရိပေါ်နိုးလာတော့ရှောင်းကျန့်ကဘေးနားမှာနေကာစကားတရစပ်ပြောနေသည်
ရိပေါ်ကတော့နံရံကိုစိုက်ကြည့်ကာငြိမ်နေဆဲဘဲ
ညစာပါကျွေး,ဆေးတိုက်ပြီးတော့ခြေထောက်လေးတွေကိုဆုပ်နယ်ပေးရန်ဘောင်းဘီကိုလှန်တင်လိုက်တော့
ဖြူဖွေးပြီးဥနေတဲ့အသားရောင်နဲ့ခြေထောက်လေးကပေါ်ထွက်လာတယ်အေးပြီးတဖြေးဖြေးပူရှိန်းပူရှိန်းဖြစ်စေတဲ့ဆေးအဆီလေးကိုသူ့လက်ထဲထည့်လိုက်တယ်
ဆေးနံ့လေးကပရုတ်အေးအနံ့လေးလိုစိတ်ကိုလန်းဆန်းသွားသလို
အရမ်းကြီးပူမှာစိုးတာကြောင့်အနည်းငယ်လေးဘဲထည့်ကာ
ခြေထောက်တစ်ဝိုက်ကိုပွတ်သပ်ပေးလိုက်တယ်
ပြီးတော့မှခြေသလုံးလေးတွေကိုဖြေးဖြေးချင်းပွတ်ဆွဲကာနှိပ်ပေးနေသည်ကြွက်သားတစ်လျှောက်အသာလေးဖျစ်ညှစ်ကာအပေါ်အောက်ပွတ်ဆွဲလိုက်တော့
ခြေသလုံးလေးကဆက်ခနဲရုန်းမိလိုက်သလိုရှောင်းကျန့်ခံစားလိုက်ရတာကြောင့်ဒုတိယအကြိမ်ပြန်ပြီးပွတ်ဆွဲလိုက်တော့တုံ့ပြန်မှုမရှိတော့
ခြေထောက်နှစ်ချောင်းလုံးထိုပုံစံအတိုင်းအနည်းငယ်ဖျစ်ညှစ်ပေးပြီးတော့သူ့လက်ဖဝါးပေါ်ကိုရိပေါ်ရဲ့ခြေထောက်၂ချောင်းကိုပြိုင်တူယှဉ်တင်လိုက်ကာ
နမ်းရှိုက်မှုပြုလိုက်သည်"ဟင်း......"
ညည်းသံတစ်ချက်ပြုကာခြေထောက်ကအကြောရုန်းသလိုသိသိသာသာတွန့်သွားတာကြောင့်
"အသက်လေးဒါကိုခံစားမိတာလား"
သူ့ရဲ့အထိအတွေ့မှာတုံ့ပြန်သည်အထင်နဲ့ခြေသလုံးတစ်လျှောက်နမ်းရှိုက်ပြီးအင်္ကျီအောက်လက်လျှိုဝင်ကာပွတ်သပ်မယ်ကြံတော့သူ့စိတ်ထဲအတွေးပေါ်သွားသည်က
YOU ARE READING
𝐁𝐀𝐃 𝐆𝐔𝐘
Fanfictionပေပေတေတေဆိုးသွမ်းတဲ့လူဆိုးကြီးနဲ့အရမ်းရိုးသားပြီးချစ်စရာကောင်းတဲ့ကောင်လေးတို့၂ယောက်ချစ်ခဲ့မိသောအခါ