part(19)

3.6K 235 11
                                    

ဝုန်း.......

အခန်းတံခါးကို အကြမ်းပတမ်းဆောင့်ကန်ဖွင့်ကာ ဝင်လာသူက ရှောင်းကျန့်

"မင်းရဲ့ညစ်ပတ်တဲ့ စောက်ခန္ဓာကိုယ်ကြီးနဲ့ ဘာလုပ်ဖို့ကြံစည်နေတာလဲ"

ခွပ်

ရိပေါ်ရဲ့ရင်ဘက်တွေကို ပွတ်သပ်ကာနမ်းရှိုက်ဖို့ပြင်နေသော ကျောက်လုယွင်ကို အခန်းတံခါးဘေးက
စားပွဲပေါ်မှာတင်ထားသော ပန်းအိုးနဲ့ ခေါင်းရိုက်ချလိုက်သည်

ကျောက်လုယွင်ကုတင်အောက်ကိုပြုတ်ကျသွားတော့မှအပေါ်ကနေခုန်အုပ်ကာ မထနိုင်သည်အထိ လက်သီးနဲ့ထိုးကျိတ်နေမိတယ်

"Bossတော်ပါတော့...Bossလက်တွေပေါက်ပြဲကုန်ပြီ
ခုချိန်မှာသူသေသွားရင် Bossအတွက် ပြဿနာပိုကြီးနိုင်ပါတယ်....တရားဥပဒေဘောင်အတွင်းကနေလည်း
သူ့ကိုသတ်လို့ရပါသေးတယ်"

သူ့နောက်လိုက်တွေပြောတော့မှ ကျောက်လုယွင်ကို
ထိုးကျိတ်နေတာကိုရပ်လိုက်ပြီး
ကုတင်ပေါ်မှာ ပက်လက်လှန်ကာငိုရှိုက်နေသော လူသားကို သူ့အပေါ်Long coatချွတ်ပြီး ခြုံပေးကာ ပွေ့ဖက်လိုက်သည်
လက်မှာချည်ထားသော ကြိုးတွေနဲ့
ပါးစပ်မှာစို့ထားသော လက်ကိုင်ပဝါကိုပါ ဖယ်ထုတ်ပေးလိုက်ပြီး

"ဘာဖြစ်သွားသေးလဲ....ကိုယ်ရောက်လာတာ
စောတယ်မလား"

"ငါ....ငါအရမ်းကြောက်သွားတာ...အီးဟီး"

"ကိုယ်သိတယ်....အခုကိုယ်ရှိနေပြီမို့ ဘာမှမဖြစ်တော့ဘူး
လုံခြုံသွားပြီ....မငိုပါနဲ့ တိတ်တော့
ကိုယ့်ကိုကြည့်..."

မျက်ရည်တွေကိုသုတ်ပေးဖို့ ပါးနှစ်ဖက်ကိုကိုင်လိုက်တော့
နီရဲပြီးရောင်နေသော ပါးတစ်ဖက်ကို အကြည့်တွေက
စုံရောက်သွားတယ်
ငြင်ငြင်သာသာလေး ကိုင်လိုက်ကာ

"ဒါဘယ်သူလုပ်တာလဲ"

"ဟင့်"

ရင်ခွင်ထဲကလူက ဘာမှမပြောဘဲ သူ့လည်ပင်းကိုအတင်းဖက်တွယ်ထားကာ ရှိုက်ငိုနေတာကြောင့် ရှောင်းကျန့်သဘောပေါက်လိုက်သည်

"အား..............."

ရှောင်းကျန့် ရိပေါ်ကို ပွေ့ချီထားလျက်ပင်
ကျောက်လုယွင်ရဲ့မျက်ခွက်ကို ခြေထောက်နဲ့တက်နင်းလိုက်တော့ နာကျင်လွန်းလို့ နစ်နစ်နဲနဲစူးရဲစွာအော်တဲ့အသံကြီးက ကျောက်လုယွင်ဆီက ထွက်လာတယ်

𝐁𝐀𝐃 𝐆𝐔𝐘Where stories live. Discover now