"ခင်ဗျားကြီးပြောတော့ပန်းခြံကနီးနီးလေးတဲ့
သေချာကြည့်တော့ဆေးရုံကြီးရှေ့ကလမ်းမကြီးကိုဖြတ်ကျော်လာရသေးတယ် နည်းနည်းတော့လှမ်းတာကို
ပြီးတော့ငါ့အခန်းက၄လွှာမှာဆိုတော့ခင်ဗျားကြီးခြေထောက်ညောင်းမှာပေါ့""အသက်လေးခန္ဓာကိုယ်ကအရမ်းလေးတာဆိုတော့ကိုယ်ကခြေထောက်ညောင်းဦးမှာတဲ့လား"
"ဒါမဲ့ပင်ပန်းမှာစိုးရိမ်တယ်"
အသံသေးသေးလေးနဲ့ရင်ဘက်ထဲခေါင်းတိုးဝှေ့ကာပြောနေပြန်သည်
"အခုဒီမှာနေတာကြာသွားပြီကိုယ်တို့ပြန်ကြမလား"
"ပြန်မယ်...ဒီမှာကသိပ်ပြီးထူးထူးဆန်းဆန်းနဲ့လှလှပပအရာတွေမရှိဘူး"
"သစ်ပင်စိမ်းစိမ်းတွေဘဲရှိမှာပေါ့...ကိုယ်သတင်းတစ်ခုကြည့်ဖူးတယ်
သစ်ပင်စိမ်းစိမ်းတွေကလူနာတွေကိုကုသတဲ့နေရာမှာလည်းအထောက်အကူဖြစ်စေတယ်တဲ့
လူတစ်ယောက်ရဲ့ရောဂါပျောက်ကင်းမှုကစိတ်နဲ့လည်းသက်ဆိုင်သေးတာ
သစ်ပင်စိမ်းစိမ်းတွေကလူ့စိတ်ကိုအေးချမ်းပြီးအပူအပင်ကင်းစေတယ်လို့သုတေသီအများစုကယုံကြည်ကြတယ်တဲ့
အဲ့တာကြောင့်ဆေးရုံကတစ်ချို့အခန်းတွေထဲမှာလူတစ်ရပ်စာအမြင့်ရှိတဲ့သစ်ပင်လေးတွေရှိနေတတ်တယ်လေ""အော်...ဒါ့ကြောင့်ကိုး
ဒါမဲ့ငါ့အခန်းထဲမှာကျတော့ဒါလင်ကTulipပန်းအိုးလေးတစ်အိုးဘဲထားပေးတယ်""အဲ့တာအသက်လေးသတိပြန်မရခင်ကကိုယ့်တို့Tulipပန်းခင်းကြီးထဲသွားတာလေ
ပြီးတော့အမှတ်တရအနေနဲ့Tulipပန်းအနီလေးတစ်ပွင့်ဝယ်ခဲ့တယ်
နှစ်ပွင့်မဝယ်တော့ဘူး
အသက်လေးပြောသလိုကိုယ်တို့ကတစ်သွေးတစ်သားတည်းမို့လို့တစ်ပွင့်တည်းဘဲ
အသက်လေးကနီမြန်းတဲ့ပန်းပွင့်လေးဖြစ်ခဲ့မယ်ဆိုကိုယ်ကစိမ်းရွှင်တဲ့အရိုးတံလေးပေါ့""အဲ့နေရာကိုထပ်ပြီးမခေါ်သွားချင်ဘူးလား"
"အသက်လေးခြေထောက်ပြန်ကောင်းရင်ခေါ်သွားမှာ
ပြီးတော့ကိုယ်ကအသက်လေးသွားချင်တဲ့နိုင်ငံတွေရောအကုန်လိုက်ပို့မှာပေါ့""စောင့်ကြည့်ဦးမယ်နော်"
"လောလောဆယ်ကိုယ်တို့အခန်းထဲပြန်ဝင်ရအောင်
ဒီကအရိပ်အေးအေးကြောင့်အသက်လေးပြန်ပြီးအအေးပတ်သွားမှာကိုယ်စိုးရိမ်လို့"
YOU ARE READING
𝐁𝐀𝐃 𝐆𝐔𝐘
Fanfictionပေပေတေတေဆိုးသွမ်းတဲ့လူဆိုးကြီးနဲ့အရမ်းရိုးသားပြီးချစ်စရာကောင်းတဲ့ကောင်လေးတို့၂ယောက်ချစ်ခဲ့မိသောအခါ