"ဒါဘာတွေဖြစ်နေတာလဲ"
"ဟာ့....အီးဟီး...ဟင့်"
အခန်းတံခါးဆွဲဖွင့်လိုက်သူ ရှောင်းကျန့်ရှိရာကိုခြေထောက်တရွတ်တိုက်ဆွဲကာ ဖင်ရွေ့ဖင်ရွှေ့နဲ့အားကိုးတကြီး တရွေ့ရွေ့လက်ထောက်ပြီးလာသူကသူ့ရဲ့အသက်လေး
"သခင်လေးက ကျွန်မတို့ကိုလန့်နေပုံရတယ် သခင်ကြီး
အနားကပ်မခံဘူး သူ့အဝတ်အစားတစ်ချို့ဖရိုဖရဲဖြစ်နေလို့ ပြင်ပေးမယ်ကြံပြီး အနားကပ်သွားတာကို
ကျွန်မတို့ သူ့အသားကိုထိလိုက်တော့ ကျွန်မတို့ကိုကြောက်ဖို့ကောင်းတဲ့အကြည့်တွေနဲ့ ပြန်ကြည့်ပြီးတွန်းထုတ်တယ်ကုတင်ပေါ်ကပြုတ်ကျမှာစိုးလို့ ကျွန်မတို့ကဆွဲထားမယ်ကြံတော့ သခင်လေးကကိုယ့်ဘာသာရုန်းကန်ရင်းကုတင်အောက်ပြုတ်ကျသွားတာဘဲ
အဲ့တာအခုသခင်ကြီးလာတာနဲ့တိုးတာ""ဘာ...ကုတင်အောက်ပြုတ်ကျတယ်"
အခန်းထဲဝင်လာသည်နှင့် အဖြစ်အပျက်အကြောင်းစုံကိုမေးကာ သူ့ဆီကိုတရွေ့ရွေ့လာသူကို ရှောင်းကျန့်အမြန်ပြေးကာ ကောက်ပွေ့ချီလိုက်သည်
"တောင်းပန်ပါတယ် သခင်ကြီး သခင်လေးလူစိမ်းအကပ်မခံတာ ကျွန်မတို့တကယ်မသိဘူး
ကျွန်မတို့ကလည်း လူစိမ်းတော့မဟုတ်ပါဘူး အိမ်တော်ရဲ့အစေခံတွေဘဲလေ""သူကအရင်နဲ့မတူတော့ဘူး....မင်းတို့ပြန်လို့ရပြီ"
"ဟုတ်ကဲ့"
"ဟင့်....အီးဟီး"
"ဘာဖြစ်ရတာတုန်း....နောင်တစ်ခါ အဲ့လိုမလုပ်ရဘူး
ကိုယ်ကအိမ်ကိုပြန်ပြီး အသက်လေးအတွက်လိုအပ်တာလေးတွေ ပြန်ယူရင်း ကိုယ့်အဝတ်အစားတွေပြန်လဲတာလေ
အသက်လေးက နောက်ကွယ်မှာ ဒီလိုဆိုးနေရင်ကိုယ်က ဘယ်လိုလုပ်ရပါ့မလဲ"ရင်ဘက်ပေါ်ကို မျက်နှာအပ်နှံကာ ငိုနေသူကအရမ်းကြောက်လန့်ဝမ်းနည်းနေပုံရတယ်
တော်တော်နဲ့အငိုမတိတ် ရှောင်းကျန့်ရင်ဘက်တစ်ခုလုံးမျက်ရည်များနဲ့ စိုရွှဲသည်အထိပင်စကားမပြောဘဲ တအင့်အင့်နဲ့အားရပါးရရှိုက်ကာငိုကြွေးနေသည်
YOU ARE READING
𝐁𝐀𝐃 𝐆𝐔𝐘
Fanfictionပေပေတေတေဆိုးသွမ်းတဲ့လူဆိုးကြီးနဲ့အရမ်းရိုးသားပြီးချစ်စရာကောင်းတဲ့ကောင်လေးတို့၂ယောက်ချစ်ခဲ့မိသောအခါ