"ရိပေါ် မင်းအဒေါ်လေ...ဆိုင်ကယ်တိုက်မိတာ
အခုဆေးရုံပို့ထားရတယ်""ဘာ...ဘယ်ဆေးရုံလဲ....မမ....သွားတော့မယ်နော်"
တကိုယ်လုံးပူထူသွားကာ သူ့မှာပြာပြာသလဲနှင့်
"လိုက်သွား လိုက်သွား ဒါတွေထားခဲ့"
ရိပေါ်တို့ ထွက်သွားတော့မှ
"ရှင်းမယ်....ဒီမှာ ပိုက်ဆံထားခဲ့ပြီ"
"ပိုက်ဆံက....."
ဆိုင်ရှင်အစ်မကြီး ပြောစကားမဆုံးခင် ရှောင်းကျန့်လည်း ပိုက်ဆံကိုစားပွဲပေါ်ချကာ အမြန်လိုက်သွားလေသည်
ဆေးရုံရောက်တော့ အန်တီလေးက အရေးပေါ်ခွဲစိတ်ခန်းဝင်ရတယ်
ဆေးဖိုးတွေ ရှင်းခိုင်းတော့ ရိပေါ်ခမျာ
အိမ်ပြန်ပြီးရှိသမျှ ပိုက်ဆံယူရတယ်"ဒါဆေးဖိုးတစ်ဝက်ရှိသေးတယ်.....ခွဲစိတ်ခန်း
ထွက်လာရင် တစ်ဝက်ရှင်းရပါမယ်နော်""အာ....ဟုတ်ကဲ့"
ရိပေါ်မျက်နှာတော့ သိပ်မကောင်းပေ
"ရော့....အဲ့အဒေါ်ဆေးရုံက မဆင်းမချင်း ဆေးဖိုးတွေအကုန် ဒီကဒ်ထဲက ဖြတ်လိုက်...သူ့ပိုက်ဆံတွေ
ပြန်ပေးလိုက်""ခင်ဗျားဘာလုပ်တာလဲ"
ငွေရှင်းcounterမှာ ရိပေါ်ပိုက်ဆံရှင်းနေတုန်း
သူ့ဘေးနားလာရပ်ကာ သူနာပြုတွေဆီသို့ ကဒ်လေးတစ်ကဒ်ထိုးပေးပြီး
သူ့အစားငွေရှင်းပေးနေသော ရှောင်းကျန့်"လောလောဆယ် ငါ့ဆီကယူသုံးလိုက်....အလကားပေးတာမဟုတ်ဘူး
ပြန်ဆပ်ရမှာဘဲ မင်းအဒေါ်ယူထားတာတွေလည်း ရှိသေးတယ်...အဲ့တာတွေနဲ့ပေါင်းပြီးတော့ ဆပ်""ဟမ်...."
"မင်းမသိဘူးလို့တော့ မပြောနဲ့"
"လူနာရှင်...ဆရာဝန်ကြီးဆီသွားပါ"
အဒေါ်ရဲ့အခြေအနေကသာ အရေးကြီးနေတာကြောင့်ရိပေါ်သူနဲ့ဘာမှဆက်ငြင်းမနေတော့ဘဲ ထွက်လာလိုက်တယ်
"လူနာက အခြေအနေမကောင်းဘူး....အကောင်းဆုံးကြိုးစားထားပါတယ်
တာနဲ့ခေါင်းနဲ့ရိုက်ထားတယ်
ပြီးတော့လူကြီးဆိုတော့ ခံနိုင်ရည်အားသိပ်မရှိတာရယ်လည်းပါပါတယ် Sorry"
YOU ARE READING
𝐁𝐀𝐃 𝐆𝐔𝐘
Fanfictionပေပေတေတေဆိုးသွမ်းတဲ့လူဆိုးကြီးနဲ့အရမ်းရိုးသားပြီးချစ်စရာကောင်းတဲ့ကောင်လေးတို့၂ယောက်ချစ်ခဲ့မိသောအခါ