နောက်တစ်နေ့နံနက်ရောက်တော့ ရိပေါ်ခေါင်းတွေနောက်ကျိနေသည်
အဝတ်အစားတွေကိုလည်း တစ်ယောက်ယောက်ကလာလဲပေးသွားပုံ
လန်းလန်းဆန်းဆန်းဖြစ်အောင် ရေချိုးပြီး အောက်ထပ်ကိုဆင်းလာလိုက်တယ်စားပွဲဝိုင်းမှာထိုင်နေတဲ့ ရှောင်းကျန့်က စားသောက်နေတုန်း
ရှောင်းကျန့်ဘေးနားအသာလေးသွားကာ ခေါင်းငုံ့ပြီး"တောင်းပန်ပါတယ်...တောင်းပန်ပါတယ်...ညကဘာတွေ ဖြစ်ပျက်သွားတာလဲ မမှတ်မိဘူး
မူးပြီးတော့များ စိတ်အနှောက့်အယှက်ဖြစ်အောင်လုပ်မိသွားလား မသိဘူး""ပျားရည်နဲ့သံပုရာသီး ဖျော်ထားတယ်...ထိုင်သောက်လိုက်"
"ညက.....ဘာတွေ"
ရှောင်းကျန့်ဘာမှဆက်မပြောတော့တာကြောင့် မေးမဲ့စကားတွေကို ပြန်မျိုချထားလိုက်သည်
ထိုင်ခုံမှာဝင်ထိုင်ပြီး ဖျော်ရည်ကို မော့သောက်လိုက်တယ်ပြီးတော့ရှောင်းကျန့်မျက်နှာကို အရိပ်တကြည့်ကြည့်
ရှောင်းကျန့်ကလည်း သူ့ကိုရိပေါ်အကဲခတ်နေမှန်းသိတာကြောင့် ထိုညကဖြစ်ပျက်ခဲ့သမျှကို အမှန်အတိုင်းမပြောဘဲ ဘာမှမဖြစ်သလို ဟန်ဆောင်နေမှ၂ယောက်လုံးအတွက် အဆင်ပြေမည်ဟု တွေးမိသည်"ညက....မင်းငါ့ကို"
"တစ်ခုခုလုပ်ခဲ့တာလား....တောင်းပန်ပါတယ်...တစ်ခါမှ အဲ့လောက်ကြီး အသိစိတ်ပျောက်တဲ့အထိမမူးဖူးပါဘူး"
ရှောင်းကျန့်စကားဆုံးအောင် မပြောခင် ခေါင်းငုံ့ကာအသေတောင်းပန်နေသော ဒီကောင်လေးကတစ်မျိုးတစ်မည် ချစ်ဖို့ကောင်းနေပြန်ရော
"ညကမင်းမူးပြီး အိပ်ပျော်သွားတယ်...ဒီလောက်ဘဲ
ငါအလုပ်သွားစရာရှိသေးတယ် မင်းနဲ့စကားထိုင်ပြောဖို့အချိန်တွေပေါမနေဘူး""နှောင့်ယှက်သလိုဖြစ်သွားရင် တကယ်မရည်ရွယ်ပါဘူး"
နောက်ကလူက ကျိုးကျိုးနွံနွံတောင်းပန်နေပေမဲ့ ရှောင်းကျန့်ကတော့ လှည့်မကြည့်ဘဲ ထွက်လာလိုက်တယ်
ကုမ္မဏီသွားတဲ့ လမ်းတစ်လျောက်အတွေးထဲ မျောနေမိသည်
ထိုညက အဖြစ်အပျက်က သူလုံးဝမေ့လို့ရမယ်မထင်
သူ့ပါးကိုလာကပ်တဲ့ နှုမ်ခမ်းအိအိလေး
သူ့ပေါင်ပေါ်လာထိုင်နေတဲ့အချိန် လည်ပင်းကမှတစ်ဆင့်ရခဲ့တဲ့
စတော်ဘယ်ရီပူရှိန်းချိုချဉ်လိုအနံ့လေး
YOU ARE READING
𝐁𝐀𝐃 𝐆𝐔𝐘
Fanfictionပေပေတေတေဆိုးသွမ်းတဲ့လူဆိုးကြီးနဲ့အရမ်းရိုးသားပြီးချစ်စရာကောင်းတဲ့ကောင်လေးတို့၂ယောက်ချစ်ခဲ့မိသောအခါ