"ကိုယ့်ကိုပြော...ကျောက်လုယွင်ဘယ်မှာလဲ
ကိုယ်မတွေ့ဘူး""ဟင့်...အိ့"
အင်္ကျီစတွေနဲ့ရောကာပခုံးကိုကိုက်ထားသည်ကမလွှတ်သေး
ဆိုဖာပေါ်မှာထိုင်နေသူကိုပွေ့ချီပြီးခြံထဲသွားကာ"ဘယ်မှာလဲ ကျောက်လုယွင်ကမရှိဘူးလေ....ကိုယ်မတွေ့ဘူး
အသက်လေးဘယ်နားမှာတွေ့လိုက်လို့လဲ""ကျောက်လုယွင်က...ဟင့်...ငါ့အဝတ်အစားတွေကိုချွတ်နေတယ်...အီးဟီး...ငါ....ငါကြောက်တယ်"
ရှောင်းကျန့်ပခုံးကိုကိုက်မထားတော့ဘဲရိပေါ်ရဲ့လက်တွေကရှောင်းကျန့်ကျောကုန်းကိုတင်းကျပ်စွာဖက်တွယ်ကာ
ကုတ်ခြစ်ထားသည်ရှောင်းကျန့်သိလိုက်ရတာတစ်ခုကသူ့အသက်လေးကိုအတိတ်ရဲ့အရိပ်ဆိုးတွေကခြောက်လှန့်နေပြီဆိုတာ
"အသက်လေး...ကိုယ်ရှိတယ်....ကိုယ့်ကိုကြည့်
ကျောက်လုယွင်ကဒီမှာမရှိဘူး...ကိုယ်တို့သူ့ကိုထောင်ချလိုက်ပြီလေသူထောင်ထဲမှာဘယ်တော့မှအပြင်ကိုပြန်ထွက်လာလို့မရအောင်သူ့ဘဝကရှင်လျက်သေနေအောင်ကိုယ်လုပ်လုပ်ထားပြီးပြီ
မငိုနဲ့တိတ်ပါတော့...အသက်လေးပင်ပန်းတယ်
ကောင်းကောင်းအနားယူရမယ်လေ....အသက်လေးငိုရင်
ကိုယ့်ရင်တွေလည်းနာတယ်""ဟား...အိ့...ဟင့်"
အသက်ကိုဝဝမရှူဘဲကျိတ်ပြီးငိုလွန်းတာကြောင့်အသံများပင်မထွက်နိုင်တော့သလိုလူကလည်းဖြူဖျော့နေသလို
"အသက်လေး...အသက်ကိုဝဝရှူလိုက်
အရာအားလုံးကအဆင်ပြေသွားပြီကိုယ်ပြောတာယုံကြည်လိုက်ဟုတ်ပြီလားအသက်ကိုဝဝရှူပါကွာ
အသက်ရှူပါဦးလား"ရှောင်းကျန့်တစ်ယောက်သူ့အသက်လေးကိုအိမ်ထဲပြန်ခေါ်သွားကာရေတိုက်ပြီးမျက်နှာကမျက်ရည်တွေကိုအသာအယာသုတ်ပေးလိုက်သည်
နစ်နစ်နဲနဲငိုထားသည်မို့သွားရည်များပင်ကျနေသလို
အိမ်ထဲရောက်သည်အထိသူ့အသက်လေးကသူ့ကိုတင်းကျပ်စွာဖက်ထားတုန်းပင်
ခုနတုန်းကလိုအခြေအနေမဆိုးတော့ဘဲအသက်ပုံမှန်ရှူနေသည်မို့ရှောင်းကျန့်သက်ပြင်းချနိုင်တော့သည်
YOU ARE READING
𝐁𝐀𝐃 𝐆𝐔𝐘
Fanfictionပေပေတေတေဆိုးသွမ်းတဲ့လူဆိုးကြီးနဲ့အရမ်းရိုးသားပြီးချစ်စရာကောင်းတဲ့ကောင်လေးတို့၂ယောက်ချစ်ခဲ့မိသောအခါ