[Unicode]အပိုင်း(၃) တလွဲအတွေး
Jennie က မီးဖိုမီးဖိုချောင်ထဲထိုင်နေကာ လက်ထဲမှာကိုင်ထားတဲ့ ဘောပင်နဲ့ သူမရှေ့မှာရှိတဲ့ စားပွဲခုံပေါ်က စာရွက်ပေါ်မှာ တစ်ခုခု ရေးချနေသည်။
Miss Manoban က စာရွက်တွေကို ကမ်းပေးလိုက်ပြီး ကလေးမိဘတွေကို ကလေးရဲ့မိသားစုနာမည်တွေ ရေးပေးဖို့ တောင်းဆိုထားသည်။ အထူးသဖြင့် ကလေးအတွက် ဆက်နွယ်မှု ရှိတဲ့ လူတွေရဲ့ နာမည်ဖြစ်၏။ ကလေးတွေအတွက် စာသင်ခန်းထဲမှာ အဆင်ပြေအောင် သင့်တော်တဲ့ မိသားစုသစ်ပင်ပုံစံကို ကူဆွဲပေးဖို့ပါ တောင်းဆိုထား၏။
Jennie က သူမရဲ့ကလေး Ella အတွက် ရေးဆွဲထားတဲ့ ပြီးမြောက်သွားပြီဖြစ်တဲ့ မိသားစုပုံကို ကြည့်ရင်း အသက်ရှူမဝလာသလို ခံစားရသည်။
Jennie Kim
(မေမေ)
|
Ella Kimသူမရဲ့သမီးငယ်ကို သူမရဲ့မိဘတွေ အစ်ကိုအကြောင်းကို တစ်နေ့နေ့တစ်ချိန်ချိန်မှာ စကားပြောရမယ်ဆိုတာ သိပေမယ့်လည်း Ella လေးရဲ့ ဒီအသက်အရွယ်က ဒီကိစ္စတွေ နားမလည်နိုင်သေးပေ။ ဒါပေမယ့်လည်း Jennie က သူမရဲ့ကလေးငယ်ကို လိမ်လည်း မပြောချင်ပါ။
Ella လေး ဒီလောကထဲကို ရောက်လာတဲ့ ကိစ္စအကြောင်းအရာခေါင်းစဉ်ကို သူမ ပြောပြဖို့ ချည်းကပ်ခဲ့ဖူးပြီး သိပ္ပံပညာရဲ့အကူအညီနဲ့ ဘယ်လို ကိုယ်ဝန်ရအောင် လုပ်ခဲ့တယ်ဆိုတဲ့အကြောင်းကို ရှင်းပြပေမယ့် Ella က ခဏလေးပဲ အာရုံစိုက်ပြီး အများကြီး ဂရုစိုက်ပုံမပေါ်ပေ။ ဒါကြောင့် Jennie က ဒီခေါင်းစဉ်အကြောင်းကို Ella လေး ဒီထက်ပို အသက်ကြီးလာပြီး ဒီအကြောင်းတွေ နားလည်နိုင်မယ့်အချိန်မှ ပြောပြဖို့ ချန်ထားလိုက်သည်။
သူမက စာရွက်ကို မနက်ကျရင် ထည့်စရာမလိုအောင် အခုတည်းက ပလက်စတစ်ဖိုင်ထဲထည့်ပြီး Ella ရဲ့ လွယ်အိပ်ထဲထည့်ကာ ဇစ်ပိတ်လိုက်သည်။ ထိုနောက် မျက်နှာကို လက်ဖဝါးနဲ့ ပွတ်သပ်လိုက်ကာ သက်ပြင်းအကြီးအကျယ်ချလိုက်၏။
Ella က ပျော်ပျော်ရွှင်ရွှင် နေတက်တဲ့ ကလေးဖြစ်ပြီး ကလေးငယ်အတွက် Jennie ရဲ့အချစ်တွေက မရေတွက်နိုင်အောင်ဖြစ်သည်။ ကလေးငယ်အတွက် နွေးထွေးတဲ့အိမ်လေးနဲ့ ကလေးငယ်လိုအပ်သမျှအရာအားလုံးကို လုံးဝ ငြင်းပယ်ခြင်းမရှိဘဲ အားလုံးလုပ်ပေးခဲ့၏။ သူမက အမေကောင်းဖြစ်၏။ ဖြစ်သည်ဟုတ် ယုံ၏။ ဒါပေမယ့် တစ်ခါတစ်လေ သူမ အဲ့လို မခံစားရပေ။ ကလေးငယ်လေးကို နွေးထွေးတဲ့မိသားစုဘဝလေး မပေးနိုင်တဲ့အတွက် သူမကိုယ်သူမ စိတ်ဓာတ်ကျရ၏။
YOU ARE READING
I see who I wanna be (in my daughter'eyes)
RomanceJennie က သူမ အသက် ၂၃ နှစ်ရောက်တော့ သူမကိုယ်သူ ကလေးလိုချင်မှန်းသိသွားကာ အချိန်လည်း ထပ်မဆွဲချင် အခွင့်အရေးလွတ်သွားမှာလည်း စိုးရိမ်တဲ့အတွက် ကိုယ်ဘာသာ ကလေး မွေးဖို့ ဆုံးဖြတ်လိုက်သည်။ Jennie က သူမရဲ့ အနာဂတ် ဇနီးနဲ့ အတူ ကလေးယူရန် ဆွေးနွေးဖို့ အမြဲတမ်း တွ...