[Unicode]
အပိုင်း(၅) အိပ်မက်ဆိုး
"မာမီရေ" လက်သေးသေးလေးက Jennie ရဲ့ကုတ်အင်္ကျီရဲ့ လက်စကို ဆွဲလာတော့ Ella ကို အပြုံးလေးနဲ့ ငုံကြည့်လိုက်၏။
သူတို့တွေက Miss Manoban ရယ် အတန်းထဲက ကလေးတွေရယ်နဲ့ သူတို့မိဘအနည်းငယ် နဲ့အတူ Ella ရဲ့ ကျောင်း ကားပါကင်မှာ ရပ်နေကာ သူတို့ကို တိရိစ္ဆာန်ဉယျာဉ်ဆီ ပို့ပေးမယ့် ကားကို ရပ်စောင့်နေတာဖြစ်သည်။ ကလေးတွေက စာသင်ခန်းထဲမှာ တိရိစ္ဆာန်အမျိုးအစား အစုံအလင်ကို လေ့လာထားကာ သူတို့ ဘယ်လောက်အထိမှတ်မိနိုင်သလဲ ပြောနိုင်အောင် Miss Manoban က တိရိစ္ဆာန်ဉယျာဉ်ဆီ ခရီးတိုသွားဖို့ အကြံရလာတာ ဖြစ်သည်။
Ella လေးက ဘဲလေးတွေကို တွေ့ရတော့မှာ ဖြစ်တဲ့အတွက် စိတ်လှုပ်ရှားနေတာ တစ်ပတ်တောင်ရှိပြီဖြစ်ကာ အခုတော့ ခုန်ပေါက်နေသည်။ အရမ်းပျော်နေတာကြောင့် Jennie လည်း သမီးငယ်ကို ဘဲပုံပါတဲ့အဝါရောင်တောက်တောက် ဘွတ်ဖိနပ်လေး ဝယ်ပေးလိုက်၏။
"အင်း သမီးလေး" သုံးနှစ်အရွယ်ကလေးငယ်တွေရဲ့ စိတ်လှုပ်ရှားတဲ့အသံတွေကနေ သေချာကြားရအောင် ခေါင်းငုံနားထောင်လိုက်၏။
"သမီး ကားပေါ်မှာ Katie နဲ့အတူတူ ထိုင်လို့ရမလား။ သူ့မာမီက မလိုက်လာဘူးတဲ့"
"ရတာပေါ့ မီးလေးရဲ့" Jennie ပြုံးပြလိုက်သည်။
Ella က သူမကို တစ်ချက်ဖက်ရင်း ပါးပေါ်အနမ်းပေးလာပြီး ကျေးဇူးတင်ကြောင်းပြကာ သူမရဲ့ သူငယ်ချင်းဆီသွားပြီး သူတို့အတူတူထိုင်မည်ဖြစ်ကြောင်း သတင်းကောင်း သွားပြောပြသည်။
ခဏကြာတော့ ဘတ်စ်ကားလည်း ရောက်လာကာ Ella နဲ့ Katie နှစ်ယောက်လုံးကို အပေါ်တက်နိုင်အောင် Jennie ကူညီပေးလိုက်ပြီး သူတို့က ထိုင်ခုံတွေမှာ ခါးပတ် သေချာ ပတ်ထားသလား သေချာအောင် စစ်ဆေးလိုက်၏။ ခုံက အရမ်းကြီးလွန်းကာ ကလေးနှစ်ယောက်က သေးနေတာကြောင့် သူတို့ကို ကြည့်ရတာ ရယ်စရာကောင်းလှ၏။ သူတို့ ခါးပတ်ချိတ်ကို သေချာအောင် ထပ်စစ်ပြီး လှည့်လိုက်တဲ့အခါ ကိုယ့်အမှားကိုယ် သတိထားမိသည်။
![](https://img.wattpad.com/cover/283182608-288-k137714.jpg)
YOU ARE READING
I see who I wanna be (in my daughter'eyes)
RomanceJennie က သူမ အသက် ၂၃ နှစ်ရောက်တော့ သူမကိုယ်သူ ကလေးလိုချင်မှန်းသိသွားကာ အချိန်လည်း ထပ်မဆွဲချင် အခွင့်အရေးလွတ်သွားမှာလည်း စိုးရိမ်တဲ့အတွက် ကိုယ်ဘာသာ ကလေး မွေးဖို့ ဆုံးဖြတ်လိုက်သည်။ Jennie က သူမရဲ့ အနာဂတ် ဇနီးနဲ့ အတူ ကလေးယူရန် ဆွေးနွေးဖို့ အမြဲတမ်း တွ...