[Unicode]
အပိုင်း(၉) Bowling
"အိုခေ ဘယ်လိုလုပ်ရမလဲဆိုတာ သိတယ်မလား ကလေး။ လက်ကို အဝိုင်း ပုံစံလေးနော်" Jennie က ပြောရင်း Ella ကို ကားခုံကနေ မချီလိုက်ကာ ခေါင်းကို နမ်းလိုက်ပြီးမှ ကားပါကင်မှာ ချပေးလိုက်သည်။
Ella လက်ကလေးက Jennie ရပ်နေတဲ့နေရာဖြစ်တဲ့ Jennie ကားဘက်ခြမ်း gas အဖုံးလေးကိုဆော့နေကာ Jennie က ကုတ်အင်္ကျီယူလာမှာကို စောင့်နေ၏။ အဲ့ကုတ်အင်္ကျီလေးမှာ ကုန်စုံဆိုင်သွားရင် Ella မဝတ်ချင်တဲ့ အင်္ကျီလေးဖြစ်သည်။
"Ella ရေ ဖိနပ်ချွတ်လိုက်တာလား" Jennie က ကားပေါ်က ကျန်နေတဲ့ ဖိနပ်တစ်ရံကို ကောက်ယူလိုက်ကာ မေးလိုက်သည်။ Ella က တစ်ခစ်ခစ်နဲ့ရယ်နေကာ ကြည့်လိုက်တော့ ခြေတစ်ဖက်က ခြေအိတ် သာ ဝတ်ထားသည်။ "ဘာလို့ချွတ်လိုက်တာနဲ့ မျောက်ကလေးရဲ့"
Jennie ဒူးထောက်ချလိုက်ကာ Ella ကို ဖိနပ် ပြန်ဝတ်ပေးနေပြီး Ella ကတော့ တစ်ခစ်ခစ်သာ ဆက်ရယ်နေ၏။ သေချာ ဝတ်ပေးပြီးတဲ့အခါ Jennie လက်ဆန့်ထုတ်လိုက်ပြီး သူတို့ ကုန်စုံဆိုင်ကို ဦးတည်လိုက်ကြသည်။
"မာမီ သမီးလှည်းကို စီးလို့ရလား" သူတို့တွေ ဆိုင်ထဲက ဈေးဝယ်လှည်းနားရောက်တော့ Ella ခွင့်တောင်းလာ၏။
"တကယ်တော့ မာမီစဉ်းစားနေတာ။ ဒီအကြိမ် မာမီက လှည်းစီးပြီးတော့ မီးမီးက လှည်းတွန်းပေးပေါ့" သူမ ပြောလိုက်ကာ မျက်လုံးထောင့်ကနေ Ella က အဲ့ဖြစ်စဉ်ကို ကြိုးစားပြီး စဉ်းစားနေတဲ့ပုံကို မြင်ရ၏။
Jennie ခေါင်းကို ဟိုဘက် လှည့်လိုက်ကာ ရယ်ချင်စိတ်ကိုထိန်းထားလိုက်ရသည်။ ကလေးငယ် မျက်နှာပေါ်က စိတ်ရှုပ်သွားတဲ့အကြည့်က သူမရဲ့ ဦးနှောက်သေးသေးလေးထဲမှာ ဒီဖြစ်ရပ်က ဘယ်လိုဖြစ်သွားမလဲဆိုတာ ကြိုးစားပြီး ပုံဖော်နေပုံပေါ်၏။ ခဏကြာတော့မှ ကလေးငယ်က Jennie ကို အလန့်တကြားကြည့်လာပြီး အော်ငိုလိုက်တာကြောင့် Jennie ခင်ဗျာ အမြန်ပြန်လှည့်ကြည့်ရ၏။
"သမီး လှည်းပဲ စီးချင်တယ် မာမီ" သူမ ငိုတော့သည်။ "မာမီကို မတွန်းချင်ဘူး" ကလေးငယ်က ဘေးလမ်းမှာ ခြေဆောင့်ငိုတော့၏။
YOU ARE READING
I see who I wanna be (in my daughter'eyes)
RomanceJennie က သူမ အသက် ၂၃ နှစ်ရောက်တော့ သူမကိုယ်သူ ကလေးလိုချင်မှန်းသိသွားကာ အချိန်လည်း ထပ်မဆွဲချင် အခွင့်အရေးလွတ်သွားမှာလည်း စိုးရိမ်တဲ့အတွက် ကိုယ်ဘာသာ ကလေး မွေးဖို့ ဆုံးဖြတ်လိုက်သည်။ Jennie က သူမရဲ့ အနာဂတ် ဇနီးနဲ့ အတူ ကလေးယူရန် ဆွေးနွေးဖို့ အမြဲတမ်း တွ...