[Unicode]
အပိုင်း(၁၀) Lockdown
"လမ်းထောင့်နားမှာ ပီဇာဆိုင်ရှိတယ်။ နင် အဲ့လို အစားအစာမျိုး စားတက်တယ်ဆိုရင်ပေါ့" ကောင်တာနောက်က ကောင်မလေးကို ဘိုးပစ်တဲ့ဖိနပ် ပြန်ပေးလိုက်ပြီးနောက် Lisa က Jennie ကို မေးလိုက်သည်။ ကောင်တာက ကောင်မလေးက ဖိနပ်ကို ပိုးသတ်ဆေးဖြန်းလိုက်ကာ အနောက်မှာ ရှိတဲ့ ဗီဒိုသေးသေးလေးဆီ လှည့်သွားတာကို သူတို့ ကြည့်နေလိုက်၏။ ခဏအကြာတော့ သူတို့ရဲ့ဖိနပ်တွေနဲ့အတူ ပြန်ရောက်လာသည်။ ထိုမိန်းကလေးက သူတို့ကို ကျေးဇူးတင်ကြောင်း ပြောလိုက်ကာ Lisa နဲ့ Jennie တို့ နှစ်ယောက် ဖိနပ်စီးလိုက်ပြီး Lisa ကတော့ ပီဇာဆိုင်ကောင်းကြောင်း အချက်မပြတ်ပြောနေ၏။
"ဒါနဲ့ အဲ့မှာ ဆလက်ရွက်သုတ်ရှိလား" Jennie က စိတ်လှုပ်ရှားမှု အပြည့်နဲ့မေးလိုက်ကာ ထွက်ပေါက်ကို ဦးတည်လိုက်ပေမယ့် Lisa ရပ်သွားတာကို
သတိထားမိလိုက်သည်။"Jennie ဒါက ပီဇာရောင်းတဲ့ဆိုင်ကို ဆလက်ရွက်သုတ်ရှိလားလို့ လာမေးနေတာလား" Lisa က စိတ်ညစ်သွားတဲ့အကြည့်နဲ့ ပြောလာသည်။ "နင် ဘယ်သူတုန်းဟ"
Jennie က မျက်ခုံးကြုပ်ကာ "ဘာလဲ။ ငါက ဆလက်ရွက်သုတ်ကြိုက်-" ပြောလိုက်ပေမယ့် ဖုန်းထမြည်လာပြီး သူမစကားစကို ဖြတ်သွား၏။ သူမ မြန်မြန်ပဲ အိတ်ကို ဖွင့်လိုက်ကာ ဖုန်းကို ရှာလိုက်သည်။ Jisoo သာ ဖုန်းခေါ်သူဆိုရင် ဒါက အရေးကြီးကိစ္စမှန်း သူမ သိနေပြီး တစ်ဆက်တည်းမှာပဲ Ella ဘာမှ မဖြစ်ပါစေနဲ့လို့ ဆက်တိုက်ဆုတောင်းနေရသည်။ သူမ ဖုန်းကို ရှာတွေ့တော့ Joy နာမည်က စခရင်ပေါ် ပေါ်လာတာကို မြင်လိုက်ရတဲ့အခါ စိတ်သက်သာရာ ရသွားသည်။ "ငါ တကယ်ကို တောင်းပန်ပါတယ်။ အလုပ်ကဆိုတော့ ငါဖုန်းကိုင်မှရမယ်" သူမ Lisa ကို တောင်းပန်သလိုကြည့်လိုက်ကာ ပြောလိုက်ပြီး ဘေးနည်းနည်းထွက်ရင်း ဖုန်းစခရင်ပေါ်က အစိမ်းရောင်ပုံစံလေးကို နိုပ်လိုက်၏။
"Joy ဟေး အားလုံး အဆင်ပြေရဲ့လား"
"ဟိုင်း ငါ ပိတ်ရက်ကြီး နှောင့်ယှက်ရတာ အားနာပါတယ်။ ဒါပေမယ့် ပြဿနာလေးတွေရှိလာတာနဲ့။ ငါ ပြောတာနဲ့ အရမ်းကြီး မလန့်သွားနဲ့ဦး။ အဆောက်အုံရဲ့ အချက်ပေးစနစ်က ပြဿနာရှိနေတာ။ ဆိုတော့ သူတို့တွေက နင် ရုံးကို မြန်မြန် လာပေးဖို့ လိုနေလို့တဲ့" Joy က သူမကို သတင်းပေးလာသည်။
YOU ARE READING
I see who I wanna be (in my daughter'eyes)
RomanceJennie က သူမ အသက် ၂၃ နှစ်ရောက်တော့ သူမကိုယ်သူ ကလေးလိုချင်မှန်းသိသွားကာ အချိန်လည်း ထပ်မဆွဲချင် အခွင့်အရေးလွတ်သွားမှာလည်း စိုးရိမ်တဲ့အတွက် ကိုယ်ဘာသာ ကလေး မွေးဖို့ ဆုံးဖြတ်လိုက်သည်။ Jennie က သူမရဲ့ အနာဂတ် ဇနီးနဲ့ အတူ ကလေးယူရန် ဆွေးနွေးဖို့ အမြဲတမ်း တွ...