[Unicode]
အပိုင်း(၈) Goodnight Lisa
Lisa က ပွဲကို တခြားလူတွေ မရောက်ခင် နည်းနည်းစောပြီး ရောက်လာသည်။ သူမက ညနေမှာ သောက်စရာအတွက် တာဝန်ယူစီစဉ်ပေးဖို့တာဝန်ကျကာ ဟောခန်းတစ်ခုလုံးက တစ်ဖြည်းဖြည်း လူပြည့်လာတာနဲ့ သူမနေရာဝင်ယူတော့သည်။ သူမရဲ့အတန်းအပါအဝင် မူကြိုစာသင်ခန်း လေးခန်းက ကျောင်းသူတွေနဲ့ သူတို့ရဲ့တွဲဖက်ဖခင်တွေ တက်ရောက်ပြီး ကလေးတွေက ချစ်ဖို့ကောင်းအောင် ဝတ်စားထားရင်း သူတို့ရဲ့ ဖခင်တွေနဲ့အတူ တက်ရောက်လာတာကို ကြည့်ရင်း သူမ ပြုံးမိသည်။
ဟောခန်းတစ်ခုလုံးက လှလှပပ ပြင်ဆင်ထားကာ နရံပေါ်မှာ တစ်ဖျက်ဖျက် တောက်ပနေတဲ့ စလိုက်မီးလုံးရှိပြီး မျက်နှာကြပ်ပေါ်ကနေ ချဆြဲထားသည်။ ဒီပြင်ဆင်ထားတာတွေကို ဆရာ ဆရာမတွေက နှစ်ရက်လောက် ကြိုလုပ်ထားရကာ ဘုတ်ချက်ပေါ်မှာ ကြယ်တွေ အများကြီး ရေးဆွဲထားပြီး တစ်လက်လက်တောက်မယ့် ရောင်စုံမျိုးစုံနဲ့ ချယ်သထားကာ မျက်နှာကြပ်ကနေ ကပွဲကြမ်းပြင်အထိ ခင်းကျင်းထား၏။
ထောင့်တွေ DJ နေရာရှိပြီး မူကြိုအရွယ် ကလေးတွေအတွက် အဆင်ပြေမယ့် ရင်းနှီးနေမယ့် Taylor Swift, Katy Perry နဲ့ Ed Sheeran တို့ရဲ့ သီချင်းတွေကို ဖွင့်ထားသည်။ အားလုံးက ကပွဲ ကြမ်းပြင်ဆီသွားကာ ကလေးငယ်တွေက အဖေဖြစ်သူနဲ့စတင်ကနေတာကို Lisa ကြည့်ပြီး ပြုံးမိသည်။
သီချင်း လေးပုဒ်လောက်ဖွင့်ပြီးတော့ Lisa ရဲ့ မျက်လုံးက ကနေတဲ့နေရာဆီ ရောက်လာသွား၏။ DJ က Abba ရဲ့ Dancing Queen ကို စတင်ဖွင့်တဲ့အချိန်မှာ အသစ်ရောက်လာတဲ့ လူနှစ်ယောက်ကြောင့် Lisa မေးရိုးက ကြမ်းပြင်နဲ့ ထိတော့မယ့်အတိုင်း ပါးစပ်ဟရင်း အံဩသွားသည်။ Jennie Kim က Lisa တစ်ခါမှ မမြင်ဖူးတဲ့ ခန္ဓာကိုယ်နဲ့ ချပ်ချပ်ရပ်ရပ်ဖြစ်တဲ့ ဝတ်စုံဝတ်ထားပြီး ဝင့်ဝင့်ကြွားကြွားလမ်းလျှောက်လာတာကို မြင်လိုက်ရသည်။ သူမဝတ်နေကျ လုပ်ငန်းခွင်ဝတ်စုံထက် ပါတီနဲ့ သင့်တော်မယ့် ဝတ်စုံမျိုး ဖြစ်ကာ သူမရဲ့ လမ်းလျှောက်ပုံက ဟောခန်းထဲမှာ ရှိတဲ့ လူတိုင်းရဲ့ အာရုံကို ဖမ်းစားလိုက်နိုင်သည်။ သူမ ဒေါက်ဖိနပ် ဝတ်ထားသော်လည်း သက်တောင့်သက်သာပဲ လမ်းလျှောက်လာတဲ့ပုံစံက Lisa အသက်ရှူဖို့တောင် မေ့သွားစေ၏။
![](https://img.wattpad.com/cover/283182608-288-k137714.jpg)
YOU ARE READING
I see who I wanna be (in my daughter'eyes)
RomanceJennie က သူမ အသက် ၂၃ နှစ်ရောက်တော့ သူမကိုယ်သူ ကလေးလိုချင်မှန်းသိသွားကာ အချိန်လည်း ထပ်မဆွဲချင် အခွင့်အရေးလွတ်သွားမှာလည်း စိုးရိမ်တဲ့အတွက် ကိုယ်ဘာသာ ကလေး မွေးဖို့ ဆုံးဖြတ်လိုက်သည်။ Jennie က သူမရဲ့ အနာဂတ် ဇနီးနဲ့ အတူ ကလေးယူရန် ဆွေးနွေးဖို့ အမြဲတမ်း တွ...