အပိုင်း(၃၀) Almost

1.3K 151 4
                                    


[Unicode]

အပိုင်း(၃၀) Almost

Jennie တို့ ကျောင်းအုပ် Yoona ရဲ့ ရုံးခန်းရှေ့မှာထိုင်နေတုန်း Jennie ခြေထောက်က စိတ်လှုပ်ရှားမှုကြောင့် တုန်ရီနေသည်။ Oliver ရဲ့မိဘတွေက အခုတင် ကျောင်းအုပ်ရဲ့ရုံးခန်းထဲမှာ ကျောင်းအုပ်နဲ့စကားပြောနေကာ နောက်ထပ်စကားပြောမယ့်မိဘမှာ Jennie ဖြစ်မည့်အကြောင်း သိနေသည်။ Jennie က သူမကိုယ်သူမထက် Lisa အတွက် ပိုကြောက်နေမိခြင်းသာ။ Ella က အမှားတစ်ခုခုလုပ်ခဲ့ရင် ဘယ်လို ဘက်လိုက်မှုမျိုးမှ Lisa လုပ်မည်မဟုတ်ကြောင်း သိနေပြီး တခြားကျောင်းသားဖြစ်လာလျှင်လည်း တူညီသောစည်းကမ်းနဲ့ တန်းတူညီမျှကိုင်တွယ်လိမ့်မည်ဟု Lisa ကို အပြည့်အဝယုံကြည်၏။ ဒါပေမယ့် ကျောင်အုပ်က ဒီကိစ္စကို ဘယ်လိုဆုံးဖြတ်မည်ဆိုတာတော့ မသေချာပေ။ Lisa ပြောပြမယ့် စကားတွေကလည်း ကျောင်းအုပ်ကို ယုံအောင် လုပ်နိုင် မလုပ်နိုင်လည်း မသေချာ။

"နင်အခုစိတ်ငြိမ်အောင် မထိန်းရင် ကြမ်းပြင်ကြီး ကျွံကျသွားတော့မယ်"

Lisa က Jennie ရဲ့ပေါင်ကို ဆုပ်ကိုင်လိုက်ကာ ခြေထောက်တုန်နေတာကို ထိန်းလိုက်ရင်း ရယ်ပြီး ပြောလိုက်ခြင်းဖြစ်သည်။

"အဆင်ပြေသွားမှာပါ.. ငါတို့ ဘာအမှားမှ မလုပ်ထားဘူး.. အထဲဝင်သွားပြီး သူပြောတာကိုသာ နားထောင်ခဲ့နော်"

"ငါနင့်အတွက် စိုးရိမ်နေတာ.. ငါ နင်ကိုပါ ဒီအရှုပ်တွေထဲ ဆွဲသွင်မိတာ.. မုန်းလိုက်တာ"

Jennie ပေါင်ပေါ်တင်ထားတဲ့ Lisa လက်ကိုပြန်ဆုပ်ကိုင်လိုက်ပြီး ပြောပြလိုက်၏။

"နင် ငါ့ကို ဘယ်အရှုပ်ထဲမှ ဆွဲမသွင်းဘူး.. ငါတို့ကြားက ဆက်ဆံရေးက စာသင်ခန်းနဲ့ ဆိုင်ဆိုင် မဆိုင်ဆိုင် ဒါမျိုး ကြုံရမှာပဲ.. ငါတို့တွေ အလုပ်နဲ့ ကိုယ်ရေးကိုယ်တာ ခွဲခြားတယ်.. ငါတို့ကြားက ဆက်ဆံရေးကြောင့် Ella ရဲ့ ပညာရေးကို ဘယ်နည်းနဲ့မှ ထိခိုက်မခံခဲ့ဘူး.. ပြီးတော့ ငါတို့ ဘယ်စည်းမျဉ်းမှ မချိုးဖောက်ခဲ့ဘူးလေ"

Lisa က အာမခံပြော၏။

"ငါတို့ မနက်တိုင်း စားပွဲပေါ်မှာ မတော်မရော်လုပ်နေတာမျိုးလည်း မဟုတ်"

I see who I wanna be (in my daughter'eyes) Where stories live. Discover now