[Unicode]
အပိုင်း(၂၆) အပျော်အစီအစဉ်
ကြားရက်တွေကလည်း အရင်အတိုင်းပင်။ Jennie က ဆောင်းရာသီပိတ်ရက်အတွင်း မလုပ်ရတဲ့ အလုပ်ကို အလျင်မှီအောင်လုပ်နေရကာ လက်ရှိအစည်းအဝေးတွေလည်း တက်နေရပြီး အလုပ်တွေကို တစ်ပြိုင်နက်တည်း စုလုပ်နေသလိုဖြစ်နေသည်။ မနက်စောစောနဲ့ ညနောက်ကျတဲ့အထိ လုပ်ရတာက တကယ်ပဲ သူမကို အလုပ်ပြီးမြောက်စေပြီး နောက်အပတ်လောက်နေရင် အရာအားလုံးပုံမှန်ပြန်ဖြစ်နိုင်၏။ Jennie အဲ့အတွေးပဲတွေးမိပြီး စိတ်သက်သာရာရမိသည်။ သူမရဲ့အလုပ်ကို တကယ် သဘောကျ၏။ ဒါပေမယ့်လည်း Ella ကို ကလေးနေ့ထိန်းကျောင်းမှာ ထားရတာတွေ သူနောက်ကျရင် Jisoo ဆီထားရတာတွေကြောင့် Ella အပေါ်မှာတော့ အပြစ်ရှိစိတ်ဖြစ်မိ၏။ သို့ပေမယ့် ပိတ်ရက်တွေက အမြန်ရောက်လာတော့မယ်ဆိုတာ သိနေတဲ့အတွက် ဒါတွေကို စိတ်ပူစရာမလိုတာက သူမကို ပိုပြီး သက်သာရာ ရစေ၏။
တစ်ပတ်လုံး Lisa ကို စာပို့တာ ညဘက် ဖုန်းပြောတာတွေ လုပ်နေရပေမယ့် လူချင်းတော့ မတွေ့ရသေးပေ။ သူတို့ FaceTime နဲ့စကားပြောနေတုန်း Lisa ရဲ့ခွေးလေးပေါ်လာတာကို Jennie သဘောကျနေကာ သူတို့နှစ်ယောက်စလုံးကို တွေ့ချင်နေမိသည်။
CEO ရဲ့ လက်မှတ်လိုအပ်နေတဲ့ ပရောဂျက်အမျိုးမျိုးနဲ့ နည်းဗျူဟာအမျိုးမျိုးကို လက်မှတ်ထိုးနေတုန်းမှာ သူမရဲ့အတွေးတွေက ဒီပိတ်ရက်ကြရင် လုပ်မယ့် အစီအစဉ်ဆီရောက်သွား၏။ Ella နဲ့ ရ မတွေ့တာကြာပြီဖြစ်တာကြောင့် ကလေးနဲ့အတူတူ ရှိပေးပြီး အချိန်ဖြုန်းချင်နေ၏။ ပြီးတော့လည်း ဒီပိတ်ရက်ကြရင် ထူးခြားတာ တစ်ခုခုလုပ်မယ်လို့ပါ ကလေးကို ကတိပေးထားသည်။ ဒါပေမယ့် Lisa ကိုလည်း တစ်ခုခုလုပ်ကြအောင်လို့ ကတိပေးထားတဲ့အတွက် အခု နှစ်ယောက်ကြား ဗျာများနေပြီ။
ဒီကိစ္စက သူမ ဘယ်တုန်းကမှ စိုးရိမ်ရမှာမျိုး မဟုတ်ခဲ့ပေမယ့် အခုတော့ ဘေးကြပ်နံကြပ်ဖြစ်နေပြီ။ Ella ကို Jisoo ဆီထပ်ပို့ထားမယ်ဆိုရင် နှစ်ယောက်လုံး ကိစ္စမရှိဘူးဆိုပေမယ့် မပို့ထားချင်ပေ။ နောက်အချိန်တော်တော်ကြာမှ Lisa နဲ့ Ella ကြားမှာ တစ်ယောက် မဟုတ် တစ်ယောက်ကို ရွေးစရာမလိုဘူးဆိုတာ သတိရသွားသည်။ သူမ အခုချိန်အထိ Lisa နဲ့ သူမအတူတူရှိနေရင် Ella အနားမှာ မရှိရဘူးဆိုတဲ့ အတွေး ရှိနေသောကြောင့်ပင်။ အခုတော့ အဲ့အတွေးက မလိုတော့ပေ။ သူတို့ကြားမှာ အခြေအနေကောင်းတယ်လို့ ယူဆလို့ရတာကြောင့် သူတို့တွေအတူတူ အစီအစဉ်လုပ်လို့ရသည်။ သုံးယောက်အတူတူပေါ့။
YOU ARE READING
I see who I wanna be (in my daughter'eyes)
RomanceJennie က သူမ အသက် ၂၃ နှစ်ရောက်တော့ သူမကိုယ်သူ ကလေးလိုချင်မှန်းသိသွားကာ အချိန်လည်း ထပ်မဆွဲချင် အခွင့်အရေးလွတ်သွားမှာလည်း စိုးရိမ်တဲ့အတွက် ကိုယ်ဘာသာ ကလေး မွေးဖို့ ဆုံးဖြတ်လိုက်သည်။ Jennie က သူမရဲ့ အနာဂတ် ဇနီးနဲ့ အတူ ကလေးယူရန် ဆွေးနွေးဖို့ အမြဲတမ်း တွ...