[Unicode]
အပိုင်း(၂)-အတိတ်
Ella လေးက ရေချိုးခန်းထဲက ဗူးဖောင်းအပြည့်ဖြစ်နေတဲ့ ရေချိုးကန်ထဲ ထိုင်နေရင်းနဲ့ Jennie က သူမမျက်နှာပေါ် ပေနေတဲ့ ဗူးဖောင်းကို သုတ်ချနေတာကို ကြည့်နေကာ Ella ရယ်သံက ရေချိုးခန်းတစ်ခုလုံး ပြည့်နှက်နေ၏။
"မာမီ ကြည့်ရတာ ရုပ်ဆိုးလိုက်တာ" Ella က ရယ်နေရင်းနဲ့ ပြောလိုက်ကာ Jennie က သူမသမီးလေး ပြောတဲ့အတိုင်း ရုပ်ဆိုးအောင် လုပ်ပြလိုက်တော့ Ella လေး ပိုရယ်လာ၏။
မျက်နှာ အပေါ်မှာ ဆပ်ပြာအပြည့်နဲ့ Jennie က Ella ရဲ့ ခေါင်းလျှော်ဆပ်ပြာကို လိုက်ရှာကာ ဆပ်ပြာကို ကိုင်ရင်း ပြန်လာပြီး စတော်ဘယ်ရီ အနံ့လေးက ရေချိုးခန်းတစ်ခုလုံး ပြည့်နှံသွားတာကြောင့် သူတို့ နှစ်ယောက်စလုံး ရှုလိုက်မိကာ ပြိုင်တူပဲ ဟမ်လို့ ပြောလိုက်ကြသည်။
"ရေလောင်းတော့မှာ သိတယ်မလား။ မျက်စိမှိတ်လိုက်ပြီး အသက်ပြင်းပြင်းရှူလိုက်နော်" Ella က အသက်တစ်ချက်ရှုပြီး ခေါင်းညိပ်ပြလိုက်တာနဲ့ Jennie ရေလောင်းချလိုက်ပြီး ခေါင်းက ဆပ်ပြာတွေကို ဖယ်ရှားလိုက်၏။
"အိုခေ နောက်တစ်ခေါက်" သူမ နောက်တစ်ခါ ရေခပ်လိုက်ကာ Ella ခေါင်းပေါ် လောင်းချလိုက်ပြီး ရေကန်ဘေးက တာဝါအခြောက်ကို လှမ်းယူလိုက်ရင်း ကလေး မျက်နှာကို သုတ်လိုက်၏။
"ကောင်းကောင်းထိုင်နေ။ မေမေ ခဏနေရင် ပြန်လာခဲ့မယ်" Jennie ထလိုက်ကာ အခြားအခန်းထဲက နွေးထွေးတဲ့ ပဝါကို သွားယူလိုက်၏။
သူမက Ella ကို သန့်ရှင်းပြီး အမွေးပွတဲ့ တာဝါနဲ့ ပတ်ပေးလိုက်ကာ ချီလိုက်ရင်း အခန်းထဲ ဝင်လိုက်ပြီး အိပ်ရာအကြီးကြီးပေါ် တင်လိုက်သည်။ Ella ကို ခြောက်အောင် သုတ်ပေးလိုက်ကာ ညဝတ်အင်္ကျီဝတ်ပေးလိုက်၏။
Jennie က ဖွဖွလေး ဆံပင်ခြောက်အောင် သုတ်ပေးနေတုန်းမှာ Ella က သူမ ပေါင်ပေါ် အိပ်ငိုက်လာတာကို ခံစားမိလိုက်သည်။ သူမ အားလုံးသုတ်ပြီးသွားအခါ Ella အအေးပျောက်သွား
ပြီ ဖြစ်သည်။Ella ရဲ့ ဘယ်နေရာမဆို အိပ်နိုင်တဲ့ စွမ်းရည်ကို Jennie အားကျမိသည်။ သူမကတော့ ကိုယ်ရဲ့ အိပ်ရာမဟုတ်ရင် အိပ်ဖို့ခက်ခဲတဲ့ အခြေအနေရှိပြီး Ella လေးမှာတော့ ကားပေါ်မှာပဲဖြစ်ဖြစ် မီးဖိုချောင်ထဲမှာပဲ ဖြစ်ဖြစ် စတိုးဆိုင်မှာ ဈေးဝယ်နေတုန်းပဲဖြစ်ဖြစ် ဘယ်နေရာမှာပဲ ဖြစ်ဖြစ် အိပ်ပျော်သွားတက်၏။
YOU ARE READING
I see who I wanna be (in my daughter'eyes)
RomanceJennie က သူမ အသက် ၂၃ နှစ်ရောက်တော့ သူမကိုယ်သူ ကလေးလိုချင်မှန်းသိသွားကာ အချိန်လည်း ထပ်မဆွဲချင် အခွင့်အရေးလွတ်သွားမှာလည်း စိုးရိမ်တဲ့အတွက် ကိုယ်ဘာသာ ကလေး မွေးဖို့ ဆုံးဖြတ်လိုက်သည်။ Jennie က သူမရဲ့ အနာဂတ် ဇနီးနဲ့ အတူ ကလေးယူရန် ဆွေးနွေးဖို့ အမြဲတမ်း တွ...