အပိုင်း(၁၈) မြင်သွားပြီလား

1.4K 151 12
                                    

[Unicode]

အပိုင်း(၁၈) မြင်သွားပြီလား

Jennie က အရင်အပတ်တွေကတည်းက အလုပ်မှာ မထနိုင်ဖြစ်နေခဲ့တာဖြစ်သည်။ Kim Company က Japan မှာ ရှိတဲ့ ရင်းနှီးမြှပ်နှံသူအသစ်နဲ့ ဖက်စပ်လုပ်ငန်းတစ်ခု အတူတူလုပ်ဖို့ ကြိုးစားနေတာဖြစ်ပြီး Jennie က ကိုယ့်ကိုယ်ကိုက လွဲရင် ဘယ်သူမှ မယုံတာကြောင့် အလုပ်ပြီးအောင်လုပ်ဖို့ သူမကိုယ်တိုင် လူရွေးအဖွဲ့ ဖွဲ့ထား ခြင်းဖြစ်သည်။ ကံဆိုးစွာနဲ့ မနက်အစောပိုင်းကနေ ညနက်နောက်ကျတဲ့အထိ ရုံးခန်းထဲမှာ သတ်မှတ်ရက်မတိုင်ခင်ပြီးအောင် အလုပ်လုပ်ရသည်။ သူမ အနေနဲ့ ညဘက်မှာ လေးနာရီ ငါးနာရီလောက်ပဲ အိပ်ချိန်ရှိပြီး Ella ကိုတောင် ကောင်းကောင်း မတွေ့ရပါချေ။

Ella ကို ကျောင်းလိုက်မပို့ခင် မနက်အစောကြီး ကလေးနေ့ထိန်းကျောင်းကို ပို့ရကာ ကျောင်းဆင်းတော့လည်း ကြိုသူမှာ Jisoo ဖြစ်၏။ Jennie က နောက်ကျတဲ့အထိ ရုံးမှာ ထိုင်အလုပ်လုပ်ရတာကြောင့် Jisoo အိမ်မှာ Ella ကို သွားကြိုတိုင်း ကလေးငယ်က အိပ်ပျော်နေပြီဖြစ်နေသည်။ တပတ်လုံး ဒီလိုပဲ လည်ပတ်နေရတဲ့အတွက် Jennie သူမကိုယ်သူမ ကမ္ဘာပေါ်မှာ အဆိုးဆုံအမေလို့ ခံစားနေရ၏။

ရင်းနှီးမြှပ်နှံမှုအပေးအယူက  မဖြစ်တော့သလို ဖြစ်သွားတဲ့အချိန် အဲ့မနက်အစောပိုင်းမှာ Jennie က အလုပ်ဆက်မလုပ်နိုင်လောက်သလိုဖြစ်သွားပေမယ့် သူတို့တွေ ပြဿနာကို မနက်တစ်ပိုင်းလုံးဖြေရှင်းကြပြီး နေ့လည်ပိုင်းအထိ ဖြေရှင်းကြသည်။ ညနေပိုင်းရောက်တော့ ရင်းနှီးမြှပ်နှံမှု ဖြစ်မြောက်သွားကာ Jennie အဲ့အချိန်မှ စိတ်သက်သာရာ ရတော့သည်။ အဖွဲ့ဝင်တွေနဲ့အတူ ရှိန်ပိန်ဖောက် တစ်ပတ်လုံး ပင်ပင်ပန်းပန်း အလုပ်လုပ်ခဲ့တာကို အောင်ပွဲခံကြသည်။ သို့ပေမယ့် အော်ပွဲခံအပြီး အရာအားလုံး သိမ်းဆည်းပြီးမှာ ခြေထောက်လက်ထောက်တွေ နာကျင်နေပြီး အဝတ်အစားကလည်း ၁၄ နာရီလောက် ဆက်တိုက်ဝတ်ထားရလို့ သက်တောင့်သက်သာ မရှိတော့ပေ။ သူမအခု လုပ်ချင်တာက အိမ်ပြန်ပြီး တစ်ပတ်လုံး မအိပ်ခဲ့ရတဲ့ အိပ်ချိန်ကို ပြန်ဖြည့်ခြင်း ဖြစ်သည်။

Jisoo အစောက ဖုန်းဆက်လာကာ Jennie ကို အလုပ်ကနေ အိမ်တန်းပြန်ပြီး အနားယူဖို့ပြောပြီး မနက်ဖြန် Ella နိုးတာနဲ့ ချက်ချင်းခေါ်ခဲ့မည်လို့ ကတိပေးသည်။ Jennie အစကတော့ အဲ့အကြံကို လုံးဝသဘောမတူပေ။ သူမ ကလေးငယ်ကို အရမ်းလွမ်းနေပြီး အချိန်အတူတူ ကုန်ဆုံးချင်သည်။ ဒါပေမယ့် Jisoo အိမ်ကိုသွားကြိုပြီး ကားမောင်ပြန်လာတာထက် ဒီလိုလုပ်တာက ပိုအဓိပ္ပါယ်ရှိတယ်လို့ ထင်သည်။

I see who I wanna be (in my daughter'eyes) Where stories live. Discover now