အပိုင်း(၁၇) အိပ်မက်

1.2K 146 21
                                    


ည ဇီးကွက်လေးတွေအတွက်....
double update

a little လေး Warning နော်

[Unicode]

အပိုင်း(၁၇) အိပ်မက်

"ဟေး... မာမီ ဒီနေ့ သမီးအတွက် တစ်ခုခု ယူလာတယ်"

Jennie က Ella နဖူးပေါ်က ဆံပင်လေးကို သပ်ပေးလိုက်ရင်း ကုတင်စွန်းလေးမှာ ဝင်ထိုင်လိုက်သည်။

"တကယ်ကြီး... ဘာကြီးလဲ"

ကလေးငယ်ရဲ့ မျက်လုံးလေးက အရောင်လက်သွားသည်။ ကလေးငယ်က ဒီနေ့ သူမရဲ့အန်တီJis နဲ့ အရမ်းပျော်ခဲ့တာကြောင့် ပင်ပန်းနေကာ မျက်လုံးဖွင့်ဖို့ အရမ်းအားထည့်နေရ၏။

"အင်း ပါလာတယ်"
Jennie ခေါင်းညိပ်ပြလိုက်ကာ အစောပိုင်းက အရုပ်ကောက်စက်ကနေ ရခဲ့တဲ့ ပင်ကွင်းရုက်လေးကို ပြလိုက်သည်။
"မာမီအပြင်မှာရောက်နေတုန်းက ရခဲ့တာ"

Ella က သွားအပြည့်ပေါ်တဲ့ ချစ်ဖို့ကောင်းတဲ့အပြုံးလေးပြုံးပြလာကာ စောင်အောက်ကနေ လက်ထုတ်လာပြီး မာမီဆီက ပင်ကွင်းယူလိုက်သည်။ သူမက ချက်ချင်းပဲ ရင်ဘက်ထဲထည့် ပိုက်ထားလိုက်ကာ ပေါ်ကြောင်ကြောင်ပြုံးရင်း Jennie ဆီခုန်အုပ်လာသည်။

Jrnnie ခဏလောက်ကြောင်သွားကာ Ella တိုက်ခိုက်လာတာကို ရှောင်ဖို့ နောက်ဆုတ်လိုက်ပေမယ့် အချိန်မမှီလိုက်တာကြောင့် အိပ်ရာပေါ်လဲကျသွားပြီး Ella က သူမအပေါ်မှာ ထပ်ရက်သားဖြစ်နေသည်။ Jennie က ထထိုင်ပြီး ကလေးငယ်ကို ကလိထိုးတော့ Ella တစ်ခစ်ခစ် ရယ်နေသည်။၊

"ဒီ...မျောက်...ကလေး" Ella က ဆက်ရယ်နေတာကြောင့် သူမ ပြောလိုက်ခြင်း ဖြစ်သည်။
"လာစမ်း"

Jennie ရပ်လိုက်ကာ အိပ်ရာပေါ်ကနေ ကလေးကို ကောက်ချီလိုက်ပြီး အိမ်ရာပေါ်ကို ပြန် ပစ်ချလိုက်သည်။ ထိုနောက် Ella ကို စောင်ပြန်ခြုံပေးလိုက်သည်။

"ကျေးဇူး မာမီ" ကလေးငယ်က ပင်ကွင်းလေးကို ထပ်ဖက်ထားလိုက်သည်။၊

"ရပါတယ်ကွာ"
Jennie ပြောလိုက်ပြီး အိပ်ရာဘေး ပြန်ထိုင်လိုက်သည်။
"နာမည်ပေးဖို့စဉ်းစားပြီးပြီလား"

"အင်း"
Ella က ယုံကြည်ချက်ရှိရှိ ခေါင်းညိပ်ပြလာသည်။
"Penny"

"ပင်ကွင်း Penny လေးပေါ့" Jennie က ခပ်မြူးမြူးလေး ပြောလိုက်သည်။
"မာမီသဘောကျတယ်.. လုံးဝကွက်တိပဲ"

I see who I wanna be (in my daughter'eyes) Where stories live. Discover now