[Unicode]
အပိုင်း(၃၁) အောင်မြင်သောည
နောက်နေ့မနက် Jennie မျက်လုံးပွင့်တော့ သူမ ဘဝတစ်လျှောက်လုံးမှာ ချစ်ဖို့အကောင်းဆုံး အရာတစ်ခုနဲ့ မျက်နှာချင်းဆိုင်တွေ့လိုက်ရသည်။ Lisa က ပတ်လက်လန်အိပ်နေကာ သူအပေါ်မှာ Ella လေး တက်အိပ်နေပြီး Lisa ရင်ဘက်ပေါ်မှာ ပါးလေးအပ်ရင်း ချစ်ဖို့ကောင်းအောင် အိပ်နေသည်။ နေရောင်က ပြတင်ပေါက်လိုက်ကာကြားနေ ဖြာကျနေပြီး ပုဇွန်ဆီလို အလင်းရောင်နဲ့ အခန်းတစ်ခုလုံးကို လုံလုံလောက်လောက်အလင်းပေးနေကာ Jennie မျက်နှာရှေ့မှာ အိပ်နေတဲ့မိန်းကလေးနှစ်ယောက်ကို အလင်းဖြာကျပေးနေသလိုဖြစ်နေသည်။ သူတို့တွေ ဘယ်လိုလုပ်ပြီး နေရာပြောင်းသွားလဲ Jennie မသိလိုက်ပေ။ ပုံမှန် Ella အိပ်ရာပေါ်မှာ လာအိပ်တဲ့အခါတိုင်း ကလေးရဲ့လှုပ်ရှားမှုတိုင်းကို Jennie အထူးသတိထားလေ့ရှိနေကာ ကလေးအပေါ် မတော်တဆ တက်ဖိမိသွားမလား ညစ်မိသွားမလား အမြဲစိတ်ပူနေရသောကြောင့် ဦးနှောက်က ဘယ်တော့မှ စိတ်အေး လက်အေးမရှိပါချေ။ ဒါပေမယ့် သူမအထင် Lisa ရှိနေတယ်ဆိုတဲ့အသိကြောင့် သူမရဲ့မသိစိတ်က စိတ်ချလက်ချဖြစ်သွားပြီး ပုံမှန်ထက် ပိုနှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်သွားတာ ဖြစ်လိမ့်မည်။ Lisa ရဲ့လက်က Ella မပြုတ်ကျသွားအောင် ကျောကို သေသေချာချာဖက်ထားတာကို တွေ့ရပြီး Jennie တခြားဘာမှ မလုပ်မိပါပဲ သူတို့ကို ဒီအတိုင်းသာငေးကြည့်နေမိသည်။ ဒီမြင်ကွင်းက မနေ့ညရဲ့နှောက်ယှက်မှုကို ပြန်လှန်ချေဖျက်လိုက်နိုင်ပြီး ဒီလိုမြင်ကွင်းမျိုးနဲ့ နိုးလာရတော့ သူမ စိတ်မဆိုးနိုင်တော့ပေ။
ကလေးနဲ့ Lisa ရဲ့ပုံကို နည်းနည်း ဓာတ်ပုံရိုက်လိုက်ပြီးမှ အိပ်ရာကနေထကာ တံခါးနားရောက်တော့ သူတို့ကို ခဏလောက် ကြည့်မိလိုက်သေးသည်။ ပြီးမှ Ella အခန်းထဲသွားပြီး Oreo ကို အပြင်ထွက်စေ၏။ မနေ့ညက Ella အခန်းထဲက ထွက်လာကတည်းက တံခါးက ဖွင့်ပြီးသားဖြစ်နေကာ Jennie လာတာမြင်နေတဲ့ ခွေးပေါက်လေးမှာ စက်ဝိုင်းပုံစံ ခုန်ဆွခုန်ဆွလုပ်နေ၏။ သူတို့နှစ်ယောက် လှေကားကနေဆင်းကြကာ နောက်ခြံဝင်းကို သွားတဲ့ တံခါးဆီ ဦးတည်လိုက်၏။ အပြင်က မနက်ပိုင်းလေအေးတွေက တိုက်ခိုက်လာတာနဲ့ Jennie အနည်းငယ် တုန်ယင်သွားပြီး လေအေးက သူရဲ့အဝတ်ဗလာဖြစ်နေတဲ့ ခြေထောက်ကို လာထွေးပွေ့နေ၏။ Oreo ရဲ့ မနက်ပိုင်းလုပ်ဆောင်ချက်တွေပြီးစီးတော့ Jennie က မီးဖိုချောင် ပစ္စည်းတွေ ထားတဲ့ နေရာကို သွားကာ မနေ့က ဝယ်လာတဲ့ ခွေးစာအိတ်ကို ထုတ်လိုက်ပြီး ပန်းကန်လုံးထဲ ဖြည့်လိုက်ကာ ခွေးပေါက်လေးအတွက် ထည့်လိုက်၏။
YOU ARE READING
I see who I wanna be (in my daughter'eyes)
Roman d'amourJennie က သူမ အသက် ၂၃ နှစ်ရောက်တော့ သူမကိုယ်သူ ကလေးလိုချင်မှန်းသိသွားကာ အချိန်လည်း ထပ်မဆွဲချင် အခွင့်အရေးလွတ်သွားမှာလည်း စိုးရိမ်တဲ့အတွက် ကိုယ်ဘာသာ ကလေး မွေးဖို့ ဆုံးဖြတ်လိုက်သည်။ Jennie က သူမရဲ့ အနာဂတ် ဇနီးနဲ့ အတူ ကလေးယူရန် ဆွေးနွေးဖို့ အမြဲတမ်း တွ...