[Unicode]
အပိုင်း(၁၄) စကားပြောဖြစ်
"Jisoo? Jisoo!"
ဖုန်းကို နားနား ဖိကပ်ထားရင်း Jennie က ဟိုဘက်လိုင်းက Jisoo အသက်မရှူနိုင်လောက်အောင် ဇွတ်ခေါ်သည်။
"ဘာဖြစ်လို့လဲ။ တစ်ခုခုဖြစ်လို့လား။ Ella အဆင်ပြေရဲ့လား"
Jisoo ရဲ့အသံက စိုးရိမ် တုန်လှုပ်လာတဲ့ပုံ။
"အမ် အင်း သူ အဆင်ပြေတယ်။ Lisa ဖုန်းပြန်ခေါ်လို့ ငါ~ ငါ သူ့ကို ဒီကိုလာဖို့ ပြောလိုက်တယ်။ သူ မကြာခင်ရောက်လာတော့မှာ။ ငါအခု အသက်ရှူ မရတော့ဘူး။ ငါလန့်နေပြီ ဘာလုပ်ရမလဲမသိတော့ဘူး ပြီးတော့~"
"ဝိုး အိုခေ ပထမဆုံးအနေနဲ့ နင် နည်းနည်းအရှိန်လျော့ အသက်ရှူ ဒါမှ ငါ တစ်ခုခု ပြန်ပြောနိုင်မှာ"
Jisoo က သူမရဲ့ စကားကို ဖြတ်ပြော၏။
"ဒုတိယအနေနဲ့ ငါနင့်အတွက် အရမ်း ဂုဏ်ယူမိတယ်ဟယ်"
Jisoo ဟိုဘက်ခြမ်းကနေ အသာကုန် အော်တော့သည်။
"ငါ့အတွက် ဘာလို့ ခက်ခဲနေရတာလဲ"
Jennie ထုတ်မေးမိသည်။
"ငါ့ကိုယ်ငါ အတုံးဆုံး လူသားလို့ ခံစားနေရတယ်။ အဲ့လောက် မခက်ခဲသင့်ဘူးလေ သိတယ်မလား။ ဒါက သာမာန်လူသားတွေ လုပ်နေကြအရာပဲကို။ ငါက အဲ့အပိုင်းမှာ ဦးနှောက်က အလုပ် မလုပ်ဘူးထင်တယ်""Jennie ရယ် သာမာန်လူသား လုပ်နိုင်တယ် ဆိုတာမျိုး မရှိဘူးလေ။ ငါတို့ အားလုံးမှာ ရုန်းကန်နေရတဲ့အရာတစ်ခုစီရှိကြတယ်။ အဲ့တာနဲ့ပတ်သတ်ပြီး လူသားတစ်ယောက်ထက် ပိုတာ လျော့တာမျိုး မရှိဘူး"
Jisoo က လေသံအပျော့လေးနဲ့ပြောလာသည်။
"နင်လည်း နင်နည်းလမ်းနဲ့ နင် ဖြေရှင်းနေတာပဲလေ။ အခုငါတို့လုပ်နေတာကလည်း စကားပြောနေတာပဲဆိုတော့။ နင်လုပ်နိုင်ပါတယ်။ နင်လုပ်နိုင်မှန်းသိတယ်""အင်း နင် မှန်မယ်ထင်တယ်"
Jennie စကားပြောနေရင်းနဲ့ ဧည့်ခန်းထဲမှာ ရှေ့လျှောက် နောက်လျှောက်လုပ်သည်။
"နားထောင် ငါအခု အလုပ်လုပ်နေတုန်းဆိုတော့ ဖုန်းချမှရမယ်ထင်တယ်"
Jisoo က နောင်တရမှု အပြည့်နဲ့ပြောလာသည်။
"ဒါပေမယ့် နောက်ကျရင် ဖုန်းခေါ်လိုက်မယ်နော်။ တစ်ခုခု ပြောချင်တာရှိရင် ငါ ဘယ်မှာရှိလဲ နင်သိပါတယ်"

YOU ARE READING
I see who I wanna be (in my daughter'eyes)
Lãng mạnJennie က သူမ အသက် ၂၃ နှစ်ရောက်တော့ သူမကိုယ်သူ ကလေးလိုချင်မှန်းသိသွားကာ အချိန်လည်း ထပ်မဆွဲချင် အခွင့်အရေးလွတ်သွားမှာလည်း စိုးရိမ်တဲ့အတွက် ကိုယ်ဘာသာ ကလေး မွေးဖို့ ဆုံးဖြတ်လိုက်သည်။ Jennie က သူမရဲ့ အနာဂတ် ဇနီးနဲ့ အတူ ကလေးယူရန် ဆွေးနွေးဖို့ အမြဲတမ်း တွ...