[Unicode]
အပိုင်း(၃၆) စပရိုက်
"အိုခေ.. အင်.. အချိုရည်ပါတယ် ပြီးတော့ ဝက်ဝံရုပ်လေးရယ်.. သူ ဗိုက်ဆာလို ဆာငြား မုန့်တွေ ထည့်ပေးထားတယ်.. သူ အပြင်သွားမှာဆိုတော့ တစ်ခုခု စားဖို့လိုမယ်ထင်လို့.. အာ.. ငါ ဆမ်ဝှစ်ပါ ထည့်ပေးသင့်တာ~"
Lisa က မီးဖိုချောင်ရဲ့ တစ်ဖက်ခြမ်းမှာ ရပ်နေတုန်း Jennie တတွတ်တွတ်ထိုးနေခြင်းဖြစ်သည်။ Ella ကျောပိုးအိတ်လေးကို Lisa လွယ်ထား၏။
"Babe ရယ်.. အဆင်ပြေပါတယ်ဆိုနေ"
Lisa က ရယ်သံလေးနဲ့ ဖြတ်ပြောလိုက်ကာ
"ငါ ကလေးကို ဂရုစိုက်ပေးလို့ရတယ်.. အရမ်းမစိုးရိမ်နဲ့ ဟုတ်ပြီလား.. ကတိပေးတယ်.. Jisoo နဲ့ Babe ကို ကျောင်းမှာ တွေ့မယ်နော်.. ထည့်ပေးထားတဲ့ ပစ္စည်းက တစ်ဝက်တောင် လိုမှာ မဟုတ်ဘူး"
"နင်တို့တွေ ဘယ်သွားမှာလဲဆိုတာ ငါ့ကို ပြောပြရင် ငါ ပိုစိတ်အေးရမှာပေါ့"
ဒီနေ့ရဲ့ ပဉ္စမမြောက်အကြိမ် Jennie က Lisa ဆီက စကားနှိုက်ဖို့ ကြိုးစား၏။
"အင်း အဲ့တာကလေ လျို့ဝှက်ချက်ဆိုတော့ မပြောပြနိုင်ဘူး... ဆိုးလိုက်တာ.. နော် Ella?"
ဖိနပ်အသစ်ဝတ်ထားကာ ခုန်ပေါက်ပြီး မီးဖိုချောင်ထဲ ဝင်လာတဲ့ လုံးလုံးလေးကို မျက်နှာမူကာ ပြောလိုက်၏။
"ငါတို့ အဆင်ပြေမှာပါ.. တစ်ခုခုဖြစ်တာပဲဖြစ်ဖြစ် ငါတို့နှစ်ယောက်ထဲက တစ်ယောက် နင့်ကို လိုတာပဲဖြစ်ဖြစ် နင်ကို စာပို့ ဖုန်းခေါ် လုပ်ပေးမယ် ဟုတ်ပြီလား"
Lisa က Jennie ကို အပြုံးချိုချိုလေးနဲ့ အာမခံလိုက်၏။ Lisa နဲ့ အတူတူ ရှိနေတာတောင် Ella ရဲ့ဘေးကင်းမှုကို Jennie စိတ်ပူတယ်ဆိုရင် သေချာပေါက်ပြောမှာဖြစ်၏။ Jennie က ဒီအတိုင်း အံ့ဩစရာတွေကိုသာ မကြိုက်ယုံတင်။ ဒါပေမယ့် ဒီ စပရိုက်ကိုတော့ Jennie ကြိုက်သွားမယ်ဆိုတာ Lisa သေချာနေ၏။
"မာမီရေ ကူညီပါဦး.. သမီးခြေထောက်ကျိုးတော့မယ်ထင်တယ်"
Ella က လှမ်းအော်ရင်း မီးဖိုချောင်ထဲမှာရှိတဲ့ ကြမ်းပြင်ပေါ်မှာ လဲချရင်း Jennie ရှေ့ ခြေထောက်ထုတ်ပြသည်။
YOU ARE READING
I see who I wanna be (in my daughter'eyes)
RomanceJennie က သူမ အသက် ၂၃ နှစ်ရောက်တော့ သူမကိုယ်သူ ကလေးလိုချင်မှန်းသိသွားကာ အချိန်လည်း ထပ်မဆွဲချင် အခွင့်အရေးလွတ်သွားမှာလည်း စိုးရိမ်တဲ့အတွက် ကိုယ်ဘာသာ ကလေး မွေးဖို့ ဆုံးဖြတ်လိုက်သည်။ Jennie က သူမရဲ့ အနာဂတ် ဇနီးနဲ့ အတူ ကလေးယူရန် ဆွေးနွေးဖို့ အမြဲတမ်း တွ...