အပိုင်း(၃၅) Morning

1.4K 133 0
                                    

[Unicode]

အပိုင်း(၃၅) Morning

နောက်နေ့မနက် Jennie နိုးတာနဲ့ ပြီးပြည့်စုံပြီးကျေနပ်အားရခြင်းတွေ ခန္ဓာကိုယ်အနှံ့ပြန့်နှံနေတာကာ သူမအတွက် ခံစားချက်က အရမ်းကိုများလွန်းသည်။ မနေ့ညက မှတ်ဉာဏ်တွေကို တဖြည်းဖြည်း ပြန်မှတ်မိပြီးနောက်မှာ Lisa ကိုယ်လေးက သူမရဲ့နောက်ကျောမှာ ဖိကပ်နေတာကို ခံစားနေမိသည်။ ငြိမ်းချမ်းနေပြီး သူမရဲ့စိတ်က တစ်နာရီမှာ မိုင်တစ်ရာလောက် ပြေးနှင်နေသလို အံ့ဩဖွယ်ရာဖြစ်နေပြီး ဒီအခိုက်အတန့်လေးကို မရပ်တန့်ချင်တော့ပေ။ Lisa ကို မျက်နှာချင်းဆိုင် တွေ့ရအောင် ဖြည်းဖြည်းချင်းဆီရွေ့လိုက်ကာ Lisa မနိုးသွားအောင် အထူးဂရုစိုက်ရ၏။ Lisa နဲ့ ဒီလို နီးနီးကပ်ကပ်နေရတာက သူမ အကြိုက်ဆုံးအရာဖြစ်လာသည်။ အရမ်းနီးကပ်လွန်းနေတာကြောင့် Lisa ပါးပေါ်က မွှေးညှင်းပေါက်လေးကိုပါ မြင်နေရပြီး Lisa ရဲ့ အသက်ရှူထုတ်လိုက်တဲ့ လေငွေ့လေးက သူမရဲ့နှုတ်ခမ်းကိုပါ လာရိုက်ခတ်နေပြန်သည်။ Jennie က ဒီအမျိုးသမီးလေးကို ချစ်နေပြီး Jennie မသိတဲ့ ခပ်ကြောင်ကြောင်အကြောင်းအရာတွေကြောင့် Lisa ကလည်း သူမကို ပြန်ချစ်တယ်တဲ့လေ။

Lisa နှုတ်ခမ်းလေးက ပျင်းတွဲတွဲ အပြုံးလေး ဖြစ်လာတာကို Jennie ကြည့်နေရင်း အနားတိုးသွားကာ Lisa ရဲ့အဝတ်ဗလာကျင်းနေတဲ့ ပုခုံးသားလေးကို ဖိပက်နမ်းရင်း Lisa လုံးဝ နိုးသွားတဲ့အထိ အနမ်းတွေ ဆက်ပေး၏။

"ချစ်တယ်"

Lisa ရဲ့စကားပြောသံက တိုးတိတ်နေပြီး အိပ်ရာကနိုးလာတာကြောင့် အသံက အနည်းငယ် အက်ရှနေ၏။ Lisa ရဲ့ မျက်လုံးလေး ပွင့်လာတဲ့အခါ Jennie  ကို အလွန်အကျွံ စိတ်လှုပ်ရှားမှုတွေ ပေးတဲ့ မျက်ဝန်းညိုလေး ပေါ်လာသည်။

"ငါလည်း နင့်ကို ချစ်တယ်"

Jennie လည်း Lisa ပုခုံးပေါ်မှာ မျက်နှာအပ်ရင်း ပြောလိုက်ရင်း လုပ်လက်စ အလုပ်ဖြစ်တဲ့ အနမ်းတွေ ဆက်ပေးတဲ့အလုပ်လုပ်၏။ လက်ရှိပုခုံးနေရာကို အနမ်းတွေ ပေးနေပေမယ့် တဖြည်းဖြည်းနဲ့ Lisa နှုတ်ခမ်းဆီ ဦးတည်လိုက်၏။

သိပ်မကြာခင်မှာတော့ သူတို့တွေ အနမ်းထဲမှာပဲ နစ်မြောနေတော့သည်။ နံနက်ခင်းနှုတ်ဆက်တဲ့ အနမ်းလေးက မြန်မြန်ဆန်ဆန်ပဲ ပြောင်းလဲသွားကာ Lisa ခါးပေါ်ကို Jennie ခွထိုင်နေပြီးသားဖြစ်နေ၏။ အနမ်းတွေကို အရသာခံရင်း မွေ့လျော်နေရတာ အရမ်း အံ့ဩဖွယ်ဖြစ်နေသလို အချိန်အတိအကျနဲ့ ထရဖို့ စိုးရိမ်စရာ မလိုနေတာ မနက်စာ အပြေးအလွှားလုပ်စရာမလိုတာ အလုပ်ကို အလျင်လိုပြီး ရောက်ဖို့ မလိုနေတာတွေကလည်း စိတ်ချမ်းသာစရာဖြစ်နေသည်။ သူမအနေနဲ့ အဲ့လိုလုပ်ဆောင်ချက်တွေကို မလုပ်ချင်တာမဟုတ်ပါပဲ ဒီအတိုင်း အပြောင်းအလဲလေး လုပ်ရင်း စိတ်အေးလက်အေးနဲ့ Lisa နဲ့အတူ အချိန်တွေကို ကုန်ဆုံးချင်ယုံသာ။

I see who I wanna be (in my daughter'eyes) Where stories live. Discover now