အပိုင်း(၃၉) အမေများနေ့ စပရိုက်🏮🏮🏮

1.3K 118 1
                                    

[Unicode]

အပိုင်း(၃၉) အမေများနေ့ စပရိုက်

ဆူညံနေတဲ့ နိုးစက်သံက တခန်းလုံးကို ဗြောင်းဆန်လာတဲ့ အခါ Lisa ရဲ့ကိုယ်က ထဖို့ ငြင်းဆန်လာ၏။ သူ တန်ဖိုးထားတဲ့အိပ်စက်ခြင်းနဲ့ မနက်အစောပိုင်းရဲ့ တည်ငြိမ်တဲ့ တိတ်ဆိတ်မှုကို လာနှောက်ယှက်နေခြင်းဖြစ်သည်။ Lisa နိုးစက်ကို ပိတ်ပြီး ပြန်အိပ်ဖို့ ကြံရွယ်နေတုန်းမှာ ဒီနိုးစက်ကို ဒီလောက်မနက်အစောကြီး ပေးထားရတဲ့ အကြောင်းရင်းကို သတိရသွား၏။ ထို အကြောင်းရင်းမှာ သူရဲ့ဖုန်းစခရင်ကနေ သူ့ကို ပြုံးကြည့်နေတဲ့ လူနှစ်ယောက်ကြောင့်ဖြစ်သည်။ နိုးစက်ပေးထားသံက ဆက်မြည်နေပြီး လွန်ခဲ့တဲ့အပတ်က ကမ်းခြေဘေးက မီးပုံဘေးမှာ ရိုက်ထားတဲ့ Jennie နဲ့ Ella တို့ရဲ့အပြုံးပုံက စခရင်ကနေ Lisa ကို ငေးကြည့်နေတာ တွေ့ပြီးတဲ့နောက်မှာ Lisa ချက်ချင်းပဲ အိပ်ရာရဲ့အနွေးဓာတ်ကနေ ဆန့်ကျင်ပြီး ထလိုက်ကာ နိုးစက်ကို ပိတ်လိုက်သည်။

အရမ်းစောနေတဲ့ မနက်ခင်းဖြစ်ပြီး Lisa အိပ်ချင်မူးတူးနဲ့ မီးဖိုချောင်ထဲဝင်ကာ ရေနွေးအိုးထဲကို ရေထည့်ပြီး မီးဖိုပေါ်တင်လိုက်၏။

Oreo ကို သေးပေါက်ဖို့ အပြင်ထုတ်ပေးပြီးနောက် သူ့ရဲ့အစာခွက်ထဲကို စားစရာထည့်ပေးလိုက်ပြီး Lisa က ကိုယ့်ကိုယ်ကို အတွက် ကော်ဖီဖျော်လိုက်ပြီး ပေါင်မုန့်ကင်စက်ထဲကို ပေါင်မုန့်ထည့်ကင်လိုက်၏။ ဆိုဖာပေါ်ထိုင်ရင်း မနက်စာကို စတင်စားသောက်ပြီးနောက်မှ ပိုပြီး လူသားတစ်ယောက်လို ခံစားလိုက်ရသည်။ သူက စားစရာစားရင်း သတင်းကြည့်ကာ ပြီးမှ ပန်းကန်တွေ ခွက်တွေကို ဘေစင်ထဲထည့်လိုက်၏။

အမြန်ရေချိုးပြီးနော် အဝတ်အစားဝတ်လိုက်ပြီး ဒီနေ့ တစ်နေ့တာအတွက် အဆင်သင့်ပြင်လိုက်၏။ Lisa က Oreo ကို နှုတ်ဆက်အနမ်းပေးပြီးနောက် တိုက်ခန်းထဲက ထွက်လာသည်။ Jennie အိမ်ကို မသွားခင် အရင်သွားရမယ့် နေရာရှိနေ၏။ Jennie မနိုးခင် အိမ်ထဲဝင်ဖို့အတွက် ဒီထက်မြန်မြန် လုပ်ရမယ်လို့ တွေးလိုက်၏။

Lisa အရင်ဆုံးသွားတဲ့နေရာက တိုက်ခန်းဘေးက စူပါမားကတ်ဖြစ်သည်။ မနက်စာအတွက် ပစ္စည်းအမျိုးမျိုးယူလိုက်ကာ ပန်ကိတ်လုပ်ဖို့အတွက်လည်း ယူလိုက်ပြီး Jennie အကြိုက်ဆုံးချောကလက်တောင့်တွေလည်း ယူလိုက်ပြီး ငွေရှင်းကာ ကားဆီသွား၏။ နောက်သွားမယ့်နေရာက လမ်းစုံက ပန်းဆိုင်ဖြစ်၏။ Lisa က အရင်ရက်တွေထဲက ပန်းကို ကြိုမှာထားတာကြောင့် ဆိုင်ထဲ ဒုန်းဆိုင်းဝင်ပြီး ပန်းစည်းအကြီးကြီးတွေ ရွေးစရာမလိုပေ။ ပန်းရောင်ကတ်ထူးပုံးကြီးကို ဘေးမှာ အနီရောင်ကြိုးတွေနဲ့အလှဆင်ထား၏။ Jennie သဘောကျပါစေလို့ မျှော်လင့်မိသည်။

I see who I wanna be (in my daughter'eyes) Where stories live. Discover now