အပိုင်း(၂၈) ကတ်လုပ်ကြမယ်

1.2K 134 3
                                    

[Unicode]

အပိုင်(၂၈) ကတ်လုပ်ကြမယ်

နောက်နေ့မနက် Jennie အိပ်ရာနိုးတဲ့အခါ မျက်လုံးမဖွင့်ခင် ခန္ဓာကိုယ်မှာ ခံစားနေရတဲ့ စိတ်ချမ်းမြေ့ကျေနပ်နေတဲ့ ခံစားချက်ကို ခဏလောက် ခံစားလိုက်ပြီးမှ တစ်နေ့တာကို စတင်တော့သည်။ ဘေးကင်းလုံခြုံသွားသလို ခံစားရကာ ဒီခံစားချက်လေးကို ပုလင်းထဲထည့်သိမ်းပြီး တစ်ချိန်လုံး သိမ်းထားလိုက်ချင်၏။ ပါးအောက်က အနွေးဓာတ်လေးအရ သူမရဲ့ခေါင်းက Lisa ရဲ့ရင်ဘက်ကို ခေါင်းအုံးထားတာ သေချာလှပြီး ဒီအနွေးဓာတ်ကို ပိုလိုချင်တာကြောင့် အနည်းငယ်ပိုတိုးဝှေ့မိ၏။ Lisa ရဲ့ အနံ့က သူ့ကို လွမ်းခြုံထားသလို ဖြစ်နေကာ သူမအတွက် ကြီးကြီးမားမားကို သက်တောင့်သက်သာဖြစ်နေပြီး နည်းနည်းလေးတောင် မလှုပ်ချင်တော့ပေ။ ခဏကြာတော့မှ Lisa ရဲ့လက်သည်းနဲ့ Jennie ခေါင်းကို ပွတ်သပ်ပေးနေတာကို သတိထားမိပြီး ဇိမ်ခံနေကာ ပြီးမှ မျက်လုံးကို အသာဖွင့်ပြီး ခေါင်းမော့ကာ Lisa ကို ကြည့်လိုက်၏။

"Hi" နူးနူးညံ့ညံ့လေး ပြုံးပြလိုက်ပြီး အခုမှနိုးလာတာ ဖြစ်တဲ့အတွက် အသံက နည်းနည်း ခြောက်ကပ်ကပ်ဖြစ်နေသည်။ Lisa က ကြောင်သွားကာ လက်ကို ရုတ်မလို လုပ်လိုက်ပြီး ထိုအပြုအမှုကို ကြည့်ရင် Jennie ကို မရည်ရွယ်ဘဲ နိူးလိုက်မိသလို ဖြစ်သွားတာကြောင့် ဖြစ်မယ်လို့ Jennie တွေးမိသည်။

"ဟင့်အင်း မရပ်နဲ့"

Lisa လက်ကို လုံဝမရုတ်လိုက်ခင် Jennie လှမ်းတားလိုက်၏။

"ခံစားရတာကောင်းတယ်လို့"

"ကောင်းကောင်းအိပ်ရရဲ့လား"

Lisa က လက်ကို Jennie ခေါင်းပေါ်ပြန်တင်လိုက်ပြီး လေသံဖျော့လေးနဲ့ မေးလာသည်။

"အင်း"
Jennie အသံသာပြုနိုင်၏။
"နင်ရော"

"ငါလည်း ကောင်းကောင်းအိပ်ရတယ်"

Lisa ပြန်ပြုံးပြ၏။

သူတို့တွေ မိနစ်အနည်းငယ်လောက် အတူတူ လဲနေကြကာ သေချာအိပ်ရာနိုးသွားပြီဆိုတာ သေချာမှ Jennie အိပ်ရာရဲ့အနွေးဓာတ်ကနေ ထွက်ကြသည်။ နေရောင်က လိုက်ကာကြားကနေ အလင်းရောင်ဖျောဖျော့လေး ဝင်လာနေတဲ့အတွက် အခုထိ စောနေသေးကြောင်း Jennie သိ၏။ ဒါပေမယ့် Jennie ရဲ့ ခန္ဓာကိုယ်က Ella ကို သွားနိုးနေကြအတိုင်း သွားဖို့ အကျင့်သားရနခြင်းဖြစ်သည်။ သူမ ဘာမှ လုပ်စရာမရှိဘူးဆိုတာ သိနေတာတောင် ဆက်မအိပ်နိုင်တော့ပေ။ Lisa လည်း အိပ်ရာပေါ်က ထသွားတာနဲ့ Jennie က မြန်မြန်ပဲ သူတို့ခြုံထားတဲ့စောင်ကို မပြီး ခါလိုက်ကာ ပြီးမှာ အိပ်ရာပေါ်မှာ ပြန်ဖြန့်ခင်းပြီး ခေါင်းအုံးတွေကို နေရာတကျပြန်ထား၏။

I see who I wanna be (in my daughter'eyes) Where stories live. Discover now