အပိုင်း(၂၃) ဖိတ်ကြား

1.2K 159 6
                                    

[Unicode]

အပိုင်း (၂၃) ဖိတ်ကြား

အချိန်ယူတယ်ဆိုတာ Jennie အလိုအပ်ဆုံး အရာဖြစ်နေခဲ့တယ်။ Ella ကို မွေးကတည်းက Seoul ကနေ အားလပ်ရက်အပျော်ခရီးအတွက် တစ်ခါမှ မခွာဖူးတာကြောင့် အခုလို ခဏလောက် ခရီးသွားလာရတာ စိတ်သက်သာရာ ရ၏။ ပုခုံးပေါ်မှာ တင်ထားရတဲ့ တာဝန်တွေ မရှိတော့ အများကြီး ဝန်ပေါ့သွားကာ သူမအတွက် ကမ္ဘာကြီးလိုဖြစ်နေတဲ့ Ella နဲ့ အမှတ်တရကောင်းတွေ လုပ်ဖို့သာ အာရုံစိုက်ထားသည်။

သူတို့တွေ ပျော်ခဲ့ကြသည်။ Ella ဒီလို စိတ်လှုပ်ရှားနေတာကို တစ်ခါမှ မတွေ့ဖူးသလို မျက်နှာပေါ်က အပျော်လေးတွေက Jennie ရဲ့နှလုံးသားကို နူးညံ့သွားအောင်လုပ်ဖို့ လုံလောက်သည်။ ရသမျှ Disney character တစ်ခုချင်းဆီနဲ့ ဓာတ်ပုံရိုက်ကြပြီး တစ်ပုံချင်းဆီတိုင်းမှာ Ella တက်ကြွနေတာကို မြင်ရသည်။ သူတို့ ချီတက်လမ်းလျှောက်ပွဲကို သွားကြပြီး ကကြသည်။ Ella က သီချင်းတိုင်းကို သိသလို Jennie ကလည်း ဗီဒီယို လိုက်ရိုက်သည်။ Ella လေး အသက်ကြီးလာလို့ ပြန်ကြည့်ရင် ကောင်းမယ့် အရာဖြစ်သည်။ မီးရှူးမီးပန်းပြပွဲက အသံအကျယ်ကြီးတွေ မီးဖွားတွေက Ella ကို ခြောက်လန့်သလိုဖြစ်သွားမှာ စိုးရိမ်ပေမယ့် Ella က မီးရှူးမီးပန်းတွေကို သဘောကျကာ နှစ်ယောက်စလုံး အပျော်တွေနဲ့ ပြည့်နှက်နေကြသည်။

မနက်အစောပိုင်း လေဆိပ်ဆင်းကာ Jennie က အိပ်ပျော်နေတဲ့ ကလေးကို သူမရဲ့အခန်းဆီ သယ်ပြီး သူနဲ့အတူ အိပ်စေသည်။ လက်ဆွဲ သေတ္တာတွေကို တံခါးမှာ  ပစ်ထားခဲ့ပြီး နိုးပြီးမှ ပြန်ရှင်းမယ်လို့ တွေးထားလိုက်၏။ သူတို့နှစ်ယောက်လုံး ဝတ်ထားတဲ့ ကုတ်အင်္ကျီတွေ ဖိနပ်တွေကို ချွတ်ပြီး စောင်ခြုံပေးတာတောင် Ella က တုတ်တုတ်မလှုပ်တော့ပေ။ ဒါကြောင့် သေချာစောင်ခြုံပေးလိုက်ပြီး သူလည်း ဘေးမှာ ဝင်အိပ်လိုက်သည်။

ခရီးတိုသွားရတာ အရမ်းပျော်ဖို့ကောင်းနေပေမယ့်လည်း အိမ်ပြန်လာတာကိုလည်း ကျေးဇူးတင်နေမိသည်။ လူပင်လယ်ကြားထဲမှာ Ella ကို ပျောက်မသွားအောင် မျက်စိထောက်လျှောက် ကြည့်နေရတာ ပင်ပန်းလှ၏။ အတက်ကြွလွန်နေတဲ့ သုံးနှစ်အရွယ်ကလေးမလေးက ပတ်ဝန်းကျင်ကို အလွန်အကျွံရှာဖွေစူးစမ်းချင်နေတော့ လိုက်ထိန်းရတာ မလွယ်ကူလှပေ။ သူတို့ ရေကူးခဲ့ကြသည်။ အိမ်မှာ လုပ်လေ့မရှိတဲ့ အရာဆိုပေမယ့် Ella က ကလေးရေကူးကန်ထဲမှာ အရမ်းပျော်တာကြောင့် အနီးအနားမှာ ရှိတဲ့ ရေကူးကန်ကို မကြာခဏလိုက်ပို့ဖို့ Jennie စိတ်ထဲ မှတ်ထားလိုက်သည်။ သို့ပေမယ့်လည်း Ella အရင်က ရေနစ်ခဲ့ဖူးတဲ့ မတော်တဆကြောင့် အချိန်တော်တော်များများတော့ စိုးရိမ်ခဲ့ရ၏။ အဓိကအနေနဲ့ သူရဲ့ အိပ်ရာကို လွမ်းနေခဲ့ရကာ ခေါင်းအုံးပြီး သက်တောင့်သက်သာရှိတဲ့ အိပ်ရာထဲ လူးလှိမ့်မိတာနဲ့ အဝတ်လျှော်အနံလေးက သူ့ကို တည်ငြိမ်မှုအချို့ပေးလာ၏။

I see who I wanna be (in my daughter'eyes) Where stories live. Discover now