[Unicode]
အပိုင်း (၁၆) ဒိတ်
Jennie စိတ်သက်သာရာ ရသွားတာက Ella က ရက်ပိုင်းအတွင်းမှာ အပြည့်အဝပြန်ကျန်းမာလာပြီး ကျောင်းပြန်တက်ခွင့်ရတဲ့နေ့ကို စိတ်အားထက်သန်မှုအပြည့်နဲ့ စောင့်ဆိုင်းနေတာကိုပင်။ ဆရာဝန်က အားလုံးပျောက်ကင်းသွားပြီလို့ ပြောကြားပြီးနောက် Jennie က ပျော်ရွှင်မှုအပြည့်နဲ့ Ella ကို ပြန်ပြောပြသည်။ သုံးရက်ကြာ အနားယူပြီးတဲ့နောက်မှာ နောက်ဆုံးတော့ သူမ အတန်းတက်နိုင်ကာ သူငယ်ချင်းတွေအားလုံးကို ပြန်တွေ့နိုင်ပြီ။
နောက်နေ့မနက်ရောက်တော့ Ella ရဲ့ကျောင်းလမ်းမှာ သူတို့တွေ လက်ချင်းတွဲပြီး အတန်းဆီလျှောက်လာကြသည်။ Jennie ရုတ်တရက် ဒိတ်ခနဲ့ဖြစ်သွားရတဲ့ အကြောင်းအရင်းမှာ အခု Lisa နဲ့ တွေ့ရင် Ella နေမကောင်းမဖြစ်ခင် စကားပြောပြီးနောက် ပထမဆုံးအကြိမ် ပြန်တွေ့ဆုံခြင်းဆိုတာ မှတ်မိသွားသောကြောင့်ပင်။ သူမရဲ့မျက်ရည်တွေကြောင့် Lisa ရဲ့ ရှပ်အင်္ကျီစိုသွားခဲ့တဲ့ မှတ်ဉာဏ်ကို မေ့ပစ်ဖို့ အကြိမ်ကြိမ် ကြိုးစားခဲ့ရပြီး အဲ့ပုံရိပ်က သူမ အိပ်ရာဝင်တိုင်း အတွေးထဲရောက်လာတက်၏။ တကယ့်ကို အရှက်ရ စရာပင်။
Ella ကို လွယ်အိတ်နဲ့ ကုတ်အင်္ကျီကူချွတ်ပေးကာ ချိတ်မှာ သေချာချိတ်ပေးလိုက်ပြီး ကလေးကို မချီလိုက်ပြီး နေ့လည်စာဘူးကို ဗီဒိုထဲသို့ ကိုယ်တိုင်ထည့်စေသည်။
ထုံးစံအတိုင်း သူတို့နှစ်ယောက် အစောဆုံးရောက်တာဖြစ်ပြီး Ella က Jennie လက်ကို ခိုင်ခိုင်မာမာ တွဲထားကာ စာသင်ခန်းထဲကို ဝင်လာသည်။
"Miss Manoban!"
ဆရာမက တစ်ခုခုရေးနေတာကို တွေ့တဲ့အခါ Ella က ပြုံးရင်း လှမ်းခေါ်လိုက်သည်။ ဘုတ်ပေါ်မှာ ရေးနေတာတွေက ဒီနေ့အတန်းအတွက် လုပ်ဆောင်ရမယ့် လုပ်ဆောင်ချက်တွေ ဖြစ်လိမ့်မည်ဟု Jennie ယူဆလိုက်သည်။
"အို မင်္ဂလာပါ Ella ရေ ။ ပြန်တွေ့ရတာ ဝမ်းသာပါတယ်ကွာ။ နေကောင်းသွားပြီလား"
Lisa ကလည်း Ella ရဲ့ တက်ကြွတဲ့ လေသံအတိုင်း လိုက်ပြောလိုက်သည်။
YOU ARE READING
I see who I wanna be (in my daughter'eyes)
RomanceJennie က သူမ အသက် ၂၃ နှစ်ရောက်တော့ သူမကိုယ်သူ ကလေးလိုချင်မှန်းသိသွားကာ အချိန်လည်း ထပ်မဆွဲချင် အခွင့်အရေးလွတ်သွားမှာလည်း စိုးရိမ်တဲ့အတွက် ကိုယ်ဘာသာ ကလေး မွေးဖို့ ဆုံးဖြတ်လိုက်သည်။ Jennie က သူမရဲ့ အနာဂတ် ဇနီးနဲ့ အတူ ကလေးယူရန် ဆွေးနွေးဖို့ အမြဲတမ်း တွ...