[Unicode]အပိုင်း(၂၁) ထွက်ပြေးချင်တယ်
Jennie က နှစ်စမှာ Ella နဲ့ သူမအတွက် ဆောင်းရာသီပိတ်ရက်တွင် အနားယူအပန်းဖြေခရီးထွက်ဖို့ ပြင်ဆင်ထားခဲ့သည်။ သူမက ကလေးငယ်ကို Disney World ဆီခေါ်သွားပေးချင်ကာ ဒီလိုပွဲတော်ရက်မှာ သွားတာက အရမ်းမိုက်မယ့်အကြံလို့ စဉ်းစား၏။ အံ့ဩသွားအောင်လုပ်ပေးချင်သောကြောင့်ပင်။ Ella ကလည်း အပြင်လောက မှတ်မိနိုင်လောက်အောင် အရွယ်ရောက်နေပြီလို့ ခံစားမိတဲ့အတွက် တစ်နှစ်လောက်ကြို စာရင်းပေးထားပေမယ့် Ella ကိုတော့ ဘာမှမပြောပဲ ထားထား၏။ သူတို့တွေ နောက်နှစ်ရက် သုံးရက်နေရင် သွားမှာဖြစ်ကာ အမှန်အတိုင်းပြောရရင် Jennie က လက်ရှိအခြေအနေကနေ ထွက်ပြေးဖို့ ကြံစီနေခြင်းလည်း ဖြစ်ပြန်သည်။
သူမရဲ့ဆန်ကြယ်လှတဲ့အချစ်ရေးအကြောင်း မနေ့က သတင်းတွေမှာ ပြန့်နှံသွားပြီးတဲ့နောက်မှာ မီဒီယာသမားတွေက ရူးသွပ်နေသလို သူမနောက်ကို လိုက်ကြရာ အဲ့အချိန်ကတည်းကနေ သူမကို ဆက်သွယ်လို့ရသမျှ ဖုန်းကနေ အဆက်မပြတ်လာနေတော့သည်။ သူမ အရမ်းကို ကြောက်လန့်နေပြီး အရာအားလုံးကို ထုတ်ပိုးကာ ထွက်ပြေးလိုက်ချင်သည်။ အရာအားလုံးကို အမှောင်ဖုံးလိုက်ကာ မေ့ပစ်လိုက်ချင်ပေမယ့် မလုပ်နိုင်။ အခုဆို တစ်လောကလုံးက သူမအသိမပေးချင်တဲ့ သူမရဲ့ ဘဝရဲ့အသေးစိတ်ကို သိနေကြပြီ။
Lisa လည်း ဖုန်းဆက်လာကာ စာတွေ ပို့ထားပေမယ့် Jennie ဒါတွေကို မဖတ်နိုင်တော့ပေ။ Lisa ဘာကြောင့် ဖုန်းခေါ်ရသလဲဆိုတဲ့ အကြောင်းရင်းကို တကူးတက တွေးစရာကို မလိုတော့ပါ။ Lisa လည်း သေချာပေါက် အဲ့ဆောင်းပါးကို ဖတ်ပြီးတာ သိသာလှပြီး Jennie ရဲ့လျစ်လျူရှုလုပ်ရပ်က Lisa အပေါ် မမျှတသလိုဖြစ်နေမှန်းလည်း သိနေ၏။ Lisa က ဘာအမှားမှ မလုပ်ထားသလို ပြောရရင် Lisa ရဲ့အပြုအမှုမှန်သမျှက မှားခြင်းနဲ့ ဆန့်ကျင်ဘက်ဖြစ်သည်။ သို့ပေမယ့်လည်း တစ်လောကလုံး သိသွားတာကတော့ Jennie အတွက် အရမ်းစောလွန်းနေသလို အဆင်သင့်မဖြစ်သေးတဲ့အတွက် အရမ်း ကြောက်လန့်နေမိသည်။
Jennie ရဲ့ လူငယ်ဘဝမှာ တစ်ခါမှ အလေးအနက်ထားခဲ့ဖူးတဲ့ ချစ်သူရည်စားဆက်ဆံမျိုး မရှိခဲ့ဖူးပေ။ အထက်တန်း ကော်လိပ်မှာတော့ သူလို ငါလို အီစီကလီတာတွေ တွဲဖူးတာတွေ ရှိခဲ့ဖူးပေမယ့် လက်ရှိ သူမမှာ ထည့်တွေးပေးရတော့မယ့် ကလေးငယ်ရှိနေပြီ။ သူမရဲ့ဘဝထဲကို သူစိမ်းတစ်ယောက် အလွယ်တကူ ဝင်ခွင့် ထွက်ခွင့်မပေးနိုင်တော့ပေ။ ကလေးငယ်အပေါ် မမျှတရာရောက်သလို စွန့်စားရာလည်း ကျလိမ့်မည်။ သူမဘဝမှာ အကြီးမားဆုံးအကြောက်တရားက သူရဲ့ဘဝ ရှုပ်ထွေးခဲ့ရသလိုမျိုး ကလေးငယ်ဘဝကိုလည်း ရှုပ်ထွေးအောင်လုပ်မိမှာကိုပင်။ ပြီးတော့ Ella အတွက် စိတ်ဒဏ်ရာရစေမယ့် လုပ်ရပ်မျိုး မလုပ်ချင်သလို အဲ့အစား ပျော်ရွှင်မှုတွေနဲ့ ပြည့်နှက်နေတဲ့ ကျန်းမာတဲ့ကလေးဘဝကိုသာ ပေးချင်မိသည်။
YOU ARE READING
I see who I wanna be (in my daughter'eyes)
RomanceJennie က သူမ အသက် ၂၃ နှစ်ရောက်တော့ သူမကိုယ်သူ ကလေးလိုချင်မှန်းသိသွားကာ အချိန်လည်း ထပ်မဆွဲချင် အခွင့်အရေးလွတ်သွားမှာလည်း စိုးရိမ်တဲ့အတွက် ကိုယ်ဘာသာ ကလေး မွေးဖို့ ဆုံးဖြတ်လိုက်သည်။ Jennie က သူမရဲ့ အနာဂတ် ဇနီးနဲ့ အတူ ကလေးယူရန် ဆွေးနွေးဖို့ အမြဲတမ်း တွ...